မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌿ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါ🌿

အခက်အခဲတွေ ကြုံတွေ့နေရလို့
သူတစ်ပါးရဲ့
အားပေးခြင်းတွေကို စောင့်မျှော်
မနေပါနဲ့ ။

ကျရှုံးခြင်းတွေ ရင်ဆိုင်နေရလို့
သူတစ်ပါးရဲ့
နှစ်သိမ့်ခြင်းတွေကို မျှော်လင့်မနေ
ပါနဲ့ ။

တစ်ယောက်ထဲ ရှင်သန်နေရလို့
သူတစ်ပါးရဲ့
အဖော်ပြုခြင်းကို တမ်းတမနေလိုက်ပါနဲ့ ။

သူတစ်ပါးဆိုတာ
ကိုယ့်ရဲ့ဘေးနားမှာ အမြဲမရှိနိုင်ဘူး ။

ကိုယ့်အရိပ်တောင်
အမှောင်ထဲရောက်သွားရင်
ကိုယ့်ကိုယ် ထားသွားကြတာပဲလေ။

ဒါကြောင့်
သူတစ်ပါးကို
အားကိုးချင်စိတ်တွေ မမွေးပဲ
ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးပါ ။🌻🌻

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️