နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး တို့ အတွက်ကိုလည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထား မှာကြား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်း ပြီး နဂါးနှစ်ကောင်ကျောင်းတိုက် လက်ထောက်ကျောင်းထိုင် ဆရာ တော် ဘဒ္ဒန္တ သုဓမ္မ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းရာ ဆရာတော်က ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
ဂန့်ဂေါမြို့၌ အခြေခံစားသောက် ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်ဆက်လက်ရောင်းချပေး
- Admin
- October 22, 2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ရန် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါခရိုင် သက် […]
မင်္ဂလာနံနက်ခင်းပါ
- Admin
- July 6, 2023
တိုတောင်းလှတဲ့ ဘဝကို ဘဝဆိုတာအားလုံးထင်ထားတာထက်ကိုပိုပြီး တိုတောင်းလှပါတယ် ဘဝဘယ်လောက်ပဲတိုတောင်းနေပါစေ နေ့ရက်တိုင်းအဓိပ္ပါယ်ရှိရှိ ရှင်သန်ပါလွတ်လွတ်လပ်လပ် နေထိုင်ပါအေးအေးချမ်းချမ်း ဖြတ်သန်းပါ တိုတောင်းလှတဲ့ ဘဝကိုလုပ်သင့်တာတွေ များများလုပ်ပြီးမလုပ်သင့်တာတွေ ရှောင်နိုင်မယ်ဆိုရင် ဘဝဟာရှင်သန်ရတာအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲလုပ်သင့်တာတွေ […]
ကိုကိုးကျွန်းမြို့နယ်ရှိ ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူ
- ရှင်ယွန်း
- April 10, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများလိုက်ပါ၍ ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် […]