အမြောက်တပ်ဖွဲ့ရဲ့ သမိုင်းဝင်အမြောက်

ဗိုလ်ရဲထွန်း မင်းအမြောက်တွေနဲ့ အင်းစိန်ကို မပစ်နိုင်ဘူးလားကွ … တစ်ချိန်က တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စကား..

ထိုစဉ်က KNDO တို့သည် ရန်ကုန်အဝင်၀ အင်းစိန်တွင် ဌာနချုပ်ဖွင့်ထားပြီး၊ အခိုင်အမာ စခန်းတည် ဆောက်ကာ ပြည်နှင့် တောင်ငူမှ ဆင်းလာမည့် ကရင်သေနတ်ကိုင် တပ်ရင်းများကို စောင့်စားရင်း ရန်ကုန်မြို့ကို ခြိမ်းခြောက်ထားသည့် အနေအထား ဖြစ်ပါတယ်။

ထိုအချိန် တပ်မတော်ဦးစီးချုပ်ဖြစ်သူ ဇိုလ်ချူပ်ကြီး နေဝင်းက ပဲခူးရှိ အမှတ်(၆) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ ဗိုလ်ကြီးရဲထွန်းနှင့် စစ်သည် ၆၃ ဦး အား ခေါ်ယူ၍ ၂၅ ပေါင်ဒါအမြောက် ၄ လက်နှင့် ၃-၂-၁၉၄၉ ခုနှစ် တွင် အမြောက်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အင်းစိန်တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမြောက်တပ်ဖွဲ့က ရှေ့တန်းကျကျလိုက်ပါတိုက်ခိုက်ခဲ့ပြီး KNDO တွေကြောက်ရတဲ့ နောက်ထပ် တံမြက်စည်းအမြောက်လို့ ခေါ်ကြတဲ့ ဘိုဖာ (Bofors) အမြောက်ဟာလည်း ရန်ကုန်မြို့ကို ကာကွယ်ပေးခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်လက်နက်တစ်ခုပဲဖြစ်ပါတယ်။