ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ကျေးရွာအုပ်စု၊ ကဒစ်ကျေးရွာ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာနှင့် တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာအုပ်စု၊ စပါးကိုင်းကျေးရွာတို့၌ အောက်တိုဘာလ ၉ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူ များအား ရေဘေးကင်းလွတ်သည့်နေရာများနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ မော်တော်ယာဉ်များသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။