အဆိုတော်ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်သည် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ နေအိမ်တွင် အကြမ်းဖက်သမား ၁ ဦးမှ ပစ္စတိုဖြင့် ရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် သေဆုံးခဲ့သည့်  ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့်တရားခံအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီ တို့ ၂ ဦးအား  ဖမ်းဆီးရမိခဲ့သည်။ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်းပြီး အကြမ်းဖက် လုပ်ငန်းများကို ဆောက်ရွက်နေတာပဲဖြစ်ပါတယ်။ အကြမ်းဖက်မှုများအား တရားခံပြေး ဒီငြိမ်းလင်း မှ STF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ၂၆ ဦးအား အဖွဲ့များခွဲကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရပြီး လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား မေလ ၃၁ ရက်တွင် တရားခံပြေး ယသော်၏ စီစဉ်ပေးမှုဖြင့် STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁ ဦးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ငွေကျပ် ၃ သိန်းအား Wave Pay မှတစ်ဆင့်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                အထက်ပါ ဖမ်းဆီးရမိတရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။