AA သူပုန်ကိုရရာနည်းနဲ့လက်တုန့်ပြန်မယ်လို့ ဒေသခံများပြောဆို

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ ရှောင်ပြေးနေရသော ဒေသခံပြည်သူများမှ AA အဖွဲ့ရဲ့ အနိုင့်ကျင့် ဗိုလ်ကျနှိပ်စက်မှုဒဏ်တွေကိုမခံနိုင်တော့လို့ ရရာနည်းနဲ့လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ရခိုင်ဒေသခံများကပြောဆိုနေကြတယ်လို့သိရပါတယ်။ ယခင်ကတည်းကအေးချမ်းစွာနေလာတဲ့ ဒေသခံများဟာ မတ်လ ၉ ရက်နေ့က AA အဖွဲ့ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။