နိုလင်းဟေဇာတို့ တစ်သိုက်သိဖို့

မြန်မာပြည်သူတွေထောက်ပြထားတာက…..

မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေဟာ စစ်တပ်က အာဏာသိမ်း/ထိန်းလိုမဟုတ်ဘဲ…NUG ရဲ့ အစွန်းရောက် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကြောင့်ဖြစ်နေတာ ဆိုတဲ့အကြောင်း။

NUG/PDF တွေအနေနဲ့ သူတိုနဲ့ အမြင်မတူတဲ့သူမှန်သမျှကို ရက်ရက်စက်စက်သတ်ဖြတ်နေတယ်ဆိုတာ Hit Lists ကသက်သေဖြစ်ကြောင်း။

NUG/PDFs တွေအကြမ်းဖက်လို့ သေဆုံးသွားရတဲ့ ပြည်သူတွေရဲ့ ဆွေမျိုးသားချင်းတွေက အကောင်းဆုံးသက်သေဖြစ်ကြောင်း။

သူတို့ကိုယ်တိုင်လည်း အကြမ်းဖက်မှုတွေကို တော်လှန်ရေးအောင်ပွဲဆိုပြီး ထုတ်ဖော်ဂုဏ်ဆာနေကြတာ သက်သေများ မရေမတွက်နိုင်အောင်ရှိကြောင်း၊

မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားရင် နိုလင်းဟေဇာအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေးအရ ဘက်မလိုက်ရန်လိုကြောင်းစတဲ့အချက်တွေ အိတ်ဖွင့်ပေးစာမှာ ပါဝင်ပါတယ်။