TNLA ရဲ့ လုပ်ရပ်အပေါ် KIA လက်တုံ့ပြန်မလား

KIA နဲ့ TNLA တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နမ့်ဖက်ကာ+ဟိုစီမှာ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး KIA က ဒုရင်းမှူးအဆင့်ရှိတဲ့သူပါလာတဲ့ ယာဉ်တန်း ၃ စီးကို TNLA က ရပ်တန့်စစ်ဆေးခဲ့တယ်။ ဒါကို လက်မခံတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ 

TNLA ဖက်က အရင်ကတည်းက KIA ကို သတိပေးတားမြစ်ထားတဲ့အချက်တွေရှိတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း TNLA က KIA၊ SSPP/SSA နဲ့ MNDAA ကို အမြည်းသဘောတစ်ဖက်လက်နဲ့ ထုတ်ပြန်ချက်လုပ်ဆောင်ခဲ့တာတွေ တွေ့ရတယ်။

TNLA ရဲ့ KIA အပေါ် ပြတ်ပြတ်သားသား လုပ်ဆောင်လာမှုတွေအပေါ် မြောက်ပိုင်းအဖွဲ့တွေရဲ့ အားပြိုင်မှုတွေနဲ့ နယ်မြေကန့်သတ်ချက်သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာနိုင်တယ်။ အဲဒီတော့ TNLA ရဲ့ ခုလိုလုပ်ရပ်တွေအပေါ် KIA လက်တုံ့ပြန်သွားမလား ဒီအတိုင်းပဲငြိမ်ခံနေမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ #Crd