အင်္ဂလိပ် အင်ဂျင်နီယာ ၂ ဦးဆောက်လုပ်ခဲ့သော ဂျိုးဖြူကန်အကြောင်း

ဂျိုးဖြူရေကန်ဟာ ရန်ကုန်မြို့ တစ်မြို့လုံးအတွက် အဓိကရေပေးဝေနေတဲ့အသက်သွေးကြောကြီးတစ်ခုပဲ ဖြစ်ပါတယ်။

အင်္ဂလိပ် အင်ဂျင်နီယာ ၂ ဦး စတင်ဆောက်လုပ်ခဲ့သော ဂျိုးဖြူရေကန်ကြီးဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ၂၁၅ ပေ နှင့် အောက်ရေစစ်ကန်ဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၈၉ ပေ မှာရှိပါတယ်။

အဲ့ဒီရေစစ်ကန်ကနေ ရန်ကုန်မြို့ကြီးထဲ ရေပေးဝေနေတာဟာ လျှပ်စစ်မလိုပဲ သဘာဝအတိုင်း အမြင့်ကနေ အနိမ့်ကို စီးဆင်းသွားတဲ စနစ်ကို သုံးထားပြီး အ‌ရှေ့တောင်အာရှမှာ တစ်ကန်တည်းသော လျှပ်စစ် မလိုတဲ့ ရေပေးဝေရေးစနစ်နဲ့ သေသေချာချာ ရေမြေသဘာဝတွေကို တွက်ချက် ဆောင်ရွက်ထားတဲ့ ကန်ကြီးဖြစ်ပါတယ်။ မီးပျက်လဲ ရန်ကုန်မြို့ကို ရေဖြန့်ဝေတာက ရပ်မသွားပါဘူး။ ဝန်ထမ်းလိုင်းခန်းတွေထိ တွက်ချက် ဆောက်လုပ်ထားတာပံဖြစ်ပါတယ်။ ရေကို လျှပ်စစ် မပါပဲ ဖြန်ဖြူးနိုင်အောင် ဂျိုးဖြူကန်ကြီးကို ၁၉၃၇ ခုနှစ်မှာ အင်္ဂလန်က ပညာရှင်တွေက ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

ရေမြေသဘာဝအတိုင်း တွက်ချက်ဆောင်ရွက်ပြီး အင်္ဂလန်မှာ တွက်ချက်မှုတွေ ပြုလုပ်ပြီးကာမှ ပြန်လာဆောက်ပေးသွားတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဂျိုးဖြူကန်ကို နိုင်ငံတကာက လာရောက်လေ့လာနေကြတာပါ။

၂၀၀၃ ခုနှစ် ငလျင်ဒဏ်ကြောင့် အပေါ်ကန် ရေစိမ့်ဘူးတာကလွဲရင် ၄ ပေ ထုထည်ရှိတဲ့ လှိုင်ဂူကရေထုတ်ပေါက် ၃ ပေါက်ကို ကောင်းကောင်းကြီး ကြံခိုင်မှုပေးပါတယ်။

ရေလှောင်ကန်ကြီးဟာ ချောင်း ၅ ချောင်း ပေါင်းဆုံတာဖြစ်ပြီး ရေကျော်လာရင် လှိုင်မြစ်ထဲ စီးဆင်းဖို့ ရေကျော်လည်း ရှိသလို အနည်ထုတ်ဖို့ အတွက် အောက်ဘက်မှာလည်း စိမ်းစိုတဲ့ သစ်တောထဲကို စီးဆင်းဖို့ ချောင်းတစ်ခုလည်းရှိပါတယ်။

ရှေးတုန်းက ပုံတွေကြည့်ရင် မြေတူး မြေသယ်တာတောင် ဆင်တွေနဲ့ပဲလုပ်ဆောင်ခဲ့တာတွေက စိတ်ဝင်စားစရာကောင်းနေပြီး၊၁၉၃၇ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဒီဂျိုးဖြူရေကန်ကြီးဟာ အခုအချိန်ထိ အသုံးပြုဖြန့်ဝေပေးနေလို့ ရသေးတယ် ဆိုတော့ အဲ့ဒီခေတ်က အင်ဂျင်နီယာပညာရပ်ဟာ အရမ်းကိုလေးစားစရာကောင်းနေတယ်ဆိုတာ လက်မခံလို့ မရဘူး။

Credit U Ye Gyi