မင်္ဂလာ မနက်ခင်းလေးပါရှင့်

ရိုးရိုးလေးနေပြီးတော့
မြင့်မြင့်ကြံတဲ့သူဟာတိုးတက်တယ် ။

တိတ်တိတ်လေးနေပြီးတော့
ကျယ်ကျယ်လေးလုပ်ဆောင်တဲ့သူဟာ
ပိုထိရောက် ပြီး‌မြှောက်ပါတယ် ။

အလိုဆန္ဒကြီးသူထက်
ရသလောက်နဲ့ကျေနပ်နိုင်တဲ့သူက
ပိုပြီးတော့ ပြည့်စုံပါတယ် ။

အပြောအရမ်းကောင်းတဲ့သူထက်
စိတ်ထားကောင်းတဲ့သူက
ပိုပြီးတော့ ခင်ဖိုကောင်းပါတယ် ။

နှမြှောတတ်တဲ့သူထက်
ပေးကမ်းစွန့်ကြဲတတ်တဲ့သူက
ပိုပြီးတော့ အောင်မြင်ကြီးပွားပါတယ် ။

မတရားကြီးပွားနေတဲ့သူထက်
ကိုယ့်သိက္ခာတန်ဖိုးနဲ့ နေတဲ့သူက
နေထိုင်မှု စိတ်ချမ်းသာရပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏