မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ပြဿနာအစပါးစပ်က

သဘာ၀တရားက
နားကို နှစ်ဖက်၊
ပါးစပ်ကို တစ်ပေါက်ထဲ
ဖန်ဆင်းခဲ့တယ်။

နားကို နှစ်ဖက် ဖန်ဆင်းခြင်းဟာ
များများနားထောင်ဖို့၊

ပါးစပ်ကို တစ်ပေါက်ထဲ
ဖန်ဆင်းခြင်းကတော့
နည်းနည်း ပြောဖို့ပါ။

“ပြဿနာအစ ပါးစပ်က”
ဆိုတဲ့အတိုင်း တစ်ယောက်နှင့်

တစ်ယောက် ပြဿနာ
ဖြစ်ကြတာဟာ
ဒီပါးစပ်ကြောင့်ပဲ။

ဒါကြောင့် ဘာပဲဖြစ်ဖြစ်
နည်းနည်း ပြောပြီး

များများ နားထောင်၊
အဲဒါ အကောင်းဆုံးပဲ။

“သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ”