ရွှေဘိုမှာ မိုင်းဆွဲတိုက်ခိုက်လို့ စစ်သည်အများအပြားသေတယ်လို့ Khit Thit က သတင်းအမှားရေး

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါ သံပြားကာကား ၃ စီးသည် ရွှေဘိုမြို့ကို ပြန်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် စိုင်နိုင်ကြီးနှင့် စိုင်နိုင်လေးရွာ အကြားအရောက်တွင် မိုင်း ၃ ပွိုင့်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် မိုင်း ၉ ပွိုင့်၊ ဘုန်းဘွဲ့ရွာ မြောက်ဖက်ရွာသစ် ကျေးရွာအနီးတွင် မိုင်း ၅ ပွိုင့် ဖြင့် ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်သား ၉ ဦး သေဆုံးကာ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတွင်းသတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၁ ရက်နေ့၌ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာနှင့် ရွာသစ်ကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းမျာအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လိုင်းပေါ်တွင် ဖြစ်စဉ်ကို ပုံကြီးချဲ့၍ မိုင်းဆွဲခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရတယ်ဆိုပြီး အများအထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။