ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် နေပြည်တော်သို့လာရောက်မည်

အာဆီယံဥက္ကဌအဖြစ် ကမ္ဘောဒီးယားတာဝန်ယူဆောင်ရွက်စဉ် ရရှိခဲ့ဖူးသည့်အောင်မြင်မှုတစ်ချို့ကြောင့် ယခုအခါ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်သည် ဂျပန်နှင့်ပူးပေါင်းကာ မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးလိုသဖြင့် မြန်မာသို့လာမည်ဖြစ်ကြောင်း ခမာတိုင်းမ်စ်သတင်းတစ်ရပ်အရသိရသည်။

“နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်တိုသည် မြန်မာနိုင်ငံသိုငြိမ်းချမ်း‌ရေးဆွေးနွေးရန်အတွက်လာရောက်မည်” ဟု ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။