မူးယစ်ရာဇာဆောင်းပါး အဆက်

( မူးယစ်ရာဇာဆောင်းပါး အဆက်) တပ်မတော်မှ ဖျက်ဆီးချေမှုန်းခဲ့တဲ့ ဖုန်ကြားရှင်အဖွဲရဲ့ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများဟာ အဲဒီကာလတန်ဖိုးအနေဖြင့် (၇၆၅,၉၅၅,၆၈ဝ)ကျပ် ခန့်ရှိပါတယ်။ အဆိုပါကာလတုန်းက ၁ ဒေါ်လာရဲ့တန်ဖိုးဟာ အစိုးရဈေး ၆ ကျပ် သာဖြစ်လို၊ ယခုကာလ ပေါက်ဈေးနဲ့ တွက်ချက်ပါက ကျပ် ၃၀၃ ဘီလီယံ ခန့်ရှိပါတယ်။ယခုလိုတပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းကြောင့် မူးယစ်ရာဇာ ဖုန်ကြားရှင်မိသားစုများနဲ့ ၎င်းလက်အောက်ခံအဖွဲဟာ လက်နက်တွေစွန့်ပစ်ပြီး လောက်ကိုင်ဒေသကနေ တရုတ်နိုင်ငံထဲကို ခြေလွတ်လက်လွတ်ထွက်ပြေးသွား ခဲ့ကြရပါတယ်။ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံရတဲ့ ရဲတပ်ဖွဲဝင်များအား ကယ်တင်နိုင်ခဲ့ပါတယ်။

မည်ကြီးမူးယစ်ရာဇာတစ်ယောက်ဖြစ်တဲ့ ဖုန်ကျားရှင်တိုမိသားစုနဲ့ အပေါင်းအပါ တွေဟာ တပ်မတော်ရဲ့ ချေမှုန်းခြင်းကို ခံရမှုကြောင့် နှစ်အတန်ကြာ ပျောက်ကွယ်သွားခဲ့ပေမယ့် ၎င်းပျောက်ကွယ်နေတဲ့အချိန်အတွင်းမှာ အင်အား စုစည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တစ်ကျော့ပြန် လောက်ကိုင်စစ်ပွဲများပြန်ဖြစ်လာခဲ့ပါတယ်။ သိုပေမယ့် ၂၀၁၅ တိုက်ပွဲမှာလည်း ဖုန်ကြားရှင်ရဲ့ တစ်ကျော့ပြန် မူးယစ်ရာဇာအိပ်မက်ကို တပ်မတော်က ရိုက်ချိုးခဲ့ပြန်ပါတယ်။

အမြဲတမ်းရှုးနိမ့်နေခဲ့တဲ့ မူးယစ်ရာဇာ ဖုန်ကြားရှင်တစ်ယောက် ၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှာ သူ့သားမက်ရှိရာ မိုင်းလားမြိုမှာ သေဆုံးသွားခဲ့ပြီး ၎င်းနေရာကို သားဖြစ်သူ မူးယစ်ရာဇာ ဖုန်တာရွှင်က လွှပြောင်းယူခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက တပ်ရင်းမှူးအဆင့်သာရှိသေးတဲ့ ဖုန်တာရွှင်ဟာ မူးယစ် ဆေးဝါးရောင်းဝယ်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပြီး နဝတအစိုးရနဲ့ သဘောထား တင်းမာသူဖြစ်ပါတယ်။ ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းသို အခြားလက်နက်ကိုင် အဖွဲများမှ တဆင့်ရောင်းဝယ် ဖောက်ကားခြင်း၊ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများသို တင်ပိုခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ မူးယစ်ရာဇာ ဖုန်တာရွှင်ဟာ တရုတ်အစိုးရ၏ မျက်ခြေမပြတ် စောင့်ကြည့်ခြင်းကိုခံရပြီး မူးယစ်ဆေးဝါးများအား တရုတ်နိုင်ငံတွင်း ၎င်းမှ တိုက်ရိုက်ဖြန့်ချိရောင်းချတဲ့ သက်သေအထောက်အထားမရှိတဲ့အတွက် တရုတ်တိုက ဖုန်တာရွှင်အား မူးယစ်ရာဇာအဖြစ် မသတ်မှတ်သော်လည်း ၂၀၂၂ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာမှာတော့ MNDAA အဖွဲဟာ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှု လုပ်နေကြောင်း အခိုင်အမာဖော်ပြထားပြီး DEA (Drug Enforcement Administration) အဖွဲ၏ မူးယစ်ရာဇာစာရင်းတွင် ဖုန်တာရွှင် ပါဝင်လာခဲ့ပါတယ်။

ဖုန်တာရွှင်ဟာ ၂၀၀၉ ခုနှစ်က ၎င်းပိုင် မူးယစ်ဆေးဝါးစက်ရုံ (၂၈)ရုံ ဖျက်ဆီးခံလိုက် ရသောကြောင့် မြန်မာအစိုးရအပေါ် အလွန်အမင်း နာကြည်းစိတ်ရှိသူဖြစ်ပါတယ်။ ဖုန်ကြားရှင်သေသွားပြီး သူခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာတော့ MNDAA အဖွဲကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာမှ ရရှိလာသောငွေများဖြင့် လူ/လက်နက် အင်အားကို အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ တပ်မတော်ရဲ့ စခန်းတွေ၊ ဌာနချုပ်တွေကို အလစ်အငိုက်ယူ၍ တစ်ချိန်တည်း တပြိုင်တည်း အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပါတော့တယ်။

ဆိုချင်တာက MNDD ခေါင်းဆောင်တဲ့ မြောက်ပိုင်း(၃)ဖွဲက တပ်မတော်ကိုတိုက်ခိုက် တာဟာ တပ်မတော်က အာဏာထိမ်းသိမ်းလို အန်ယူဂျီပြည်ပြေးတွေအတွက် တိုက်ခိုက်တာမဟုတ်သလို တရုတ်အစိုးရအတွက် ကျားဖြန် လုပ်ငန်းရှင်းလင်းရေး ဆိုတာလည်း ခေါင်းစဉ်ပြယုံသက်သက်ပါပဲ။ ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်မတိုင်မီ ကာလကလို မူးယစ်ဆေးများဝါးများ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖိုနဲ့ လူမျိူးစုပ‌‌ဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ဖိုနယ်မြေကို ရယူလိုမှုအတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြောင်းပြပြီး တိုက်ကွက်ဖော်နေတာ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါသူပုန်က မွေးထုတ်ပေးလိုက်တာတောင် ဒီမိုကရေစီ နာမည်ကို ရအောင်ယူသုံးပြီး ဆယ်စုနှစ်များစွာ မူးယစ်ဆေးဝါးလုပ်ငန်းကိုသာ လုပ်ကိုင်နေတဲ့ MNDD ခေါင်းဆောင် ဖုန်တာရွှင်က သူ့အဖေဖုန်ကြားရှင်ရှိစဉ်ကလို မူးယစ်ရာဇာဘွဲခံပြီး စည်းစိမ်ချမ်းသာ ကြွယ်ဝမှုများနဲ့ ပဒေသရာဇ် အာဏာရှင် ဘဝကို ပြန်လည်မျှော်ကိုးရင်း တိုက်နေတဲ့ဒီတိုက်ပွဲမှာ နိဂုံးဘယ်လိုချုပ်မလဲ စောင့်ကြည့်ကြတာပေါ့။ အချိန်က စကား ပြောသွားမှာပါ။