ဇန်နဝါရီလ ၁၈ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၁၆ ရက် ၂၁၀၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ ရန်အောင်ကွက်သစ်ရပ်နေ ဦးဝင်းနိုင်(၅၄)နှစ်၊ MPT ဝန်ထမ်းလုပ်ကိုင်သူသည် ဇနီးဖြစ်သူ ဒေါ်အိအိဇင်(၄၃)နှစ်၊ MPT ဝန်ထမ်းလုပ်ကိုင်သူ နှင့် သမီးဖြစ်သူ မနှင်းနုဝေ(၁၆)နှစ်၊ ကျောင်းသူတို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂ဝ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာ ဦးဝင်းနိုင်တွင် ယာရင်ဘတ်ဖောက်ထွက်ဒဏ်ရာ၊ ဝဲရင်အုံဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်အိအိဇင်တွင် ယာလက်ကောက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာပေါင်ကျည်ဖောက် ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မနှင်းနုဝေတွင် ဝဲတင်ပါးကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ)တို့ရရှိခဲ့>

-ဇန်နဝါရီလ ၁၇ ရက် ၂၁၁၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ ရန်အောင်ကွက်သစ်ရပ်နေ ဦးဇော်မင်း(၅၅)နှစ်၊ ကျဘမ်း၏ နေအိမ်သို့ PDF အကြမ်းဖက်အဖွဲ့ဝင်များ လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ ဝင်ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးဇော်မင်းတွင် ယာကျောကုန်း ကျည်ဖောက် ဝင်ဒဏ်ရာ၊ ဦးခေါင်းထိပ်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အလားတူ ၂၁၂၀ နာရီတွင် အဆိုပါ အကြမ်းဖက်သူများသည် ဈေးဆိပ်ရပ်နေ ဦးယဉ်မင်းထက် (ခ)ကိုထက်(၃၀)နှစ်၊ ဈေးရောင်းလုပ်ကိုင်သူ ပိုင်ဆိုင်ပြီး ညအိပ်နေထိုင်ခြင်းမရှိသည့် ဈေးဆိပ်ရပ်ရှိ “ကောင်းကောင်း” ကွမ်းယာဆိုင်အားဖျက်ဆီးကာ ဆိုင်အတွင်းရှိ CCTV စက် (HARD DISK) ၁ လုံး (ကာလတန်ဖိုး စိစစ်ဆဲ)၊ ငွေ ၃ သိန်းကျပ်ခန့်ထည့်ထားသည့် ဘေးလွယ်အိတ် ၁ လုံးတို့အား ယူဆောင်ကာ CCTV စက်နှင့် တွဲဖက်အသုံးပြုသည့် ၂၄ လက်မ TV ၁ လုံး (ကာလတန်ဖိုး စိစစ်ဆဲ)တို့အား ရိုက်ခွဲဖျက်ဆီးခဲ့။

-ဇန်နဝါရီလ ၁၇ ရက် ၁၄၀၀ နာရီတွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ဇောတိကလမ်း၊ လမ်းသွယ်(၇)နေ ဦးအောင်အောင်(၄၂) နှစ်၊ အိမ်ခြံမြေအကျိုးဆောင်နှင့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးသက်(၄၃)နှစ်၊ မှီခိုတို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ၄ ဦးမှ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး I Phone ၄ လုံး၊  ငွေသား ကျပ်သိန်း ၂၀၀၊ Alexandre Christie နာရီ ၃ လုံး၊ Alexandre Ac နာရီ ၃ လုံး၊ (အမည် စိစစ်ဆဲ)နာရီ ၂ လုံး (စုစုပေါင်းကာလတန်ဖိုး သိန်း ၅၀ ကျပ်ခန့်)၊ ကလစ်(ပြာ)ဆိုင်ကယ် ၁ စီး(ကာလတန်ဖိုး ၁၅ သိန်း ကျပ်ခန့်)၊ စုစုပေါင်းကာလတန်ဖိုး ၃၂၅ သိန်းကျပ်ခန့်တို့အား လုယက်ယူဆောင်သွားခဲ့။

-ဇန်နဝါရီလ ၁၇ ရက် ၀၈၄၅ နာရီတွင် တံတားဦးမြို့နယ်၊ ပေါက်တောကျေးရွာနှင့် ပေါက်မြိုင်ကျေးရွာချင်းဆက်လမ်းပေါ်၌ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သတင်းအရ စစ်ဆေးခဲ့ရာ ထောက်ရစ်ကျေးရွာနေ ဦးစိုးမြင့်ထွန်း(၅၃)နှစ်နှင့် ဒေါ်သက်နွယ်အောင် (၄၂)နှစ်တို့တွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် လည်းကောင်း၊ တပယ်ကျေးရွာ ရွာလယ်လမ်းမပေါ်၌ တပယ် ကျေးရွာ လယ်/ပြဆရာမ ဒေါ်မီမီထွန်း(၄၁)နှစ်အား ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် လည်းကောင်း သေဆုံးနေခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၇ ရက် ၁၀၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာနေ ဒေါ်နွယ်မာလင်း(၃၈)နှစ်သည် နေအိမ်မှ ဈေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဥက္ကံကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့ဝင်   ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်နွယ်မာလင်းတွင် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့။