ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ အဟောင်းကို တာဝန်မှ ရပ်ဆဲ ခေတ္တဥက္ကဌ အသစ်ခန့်အပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေအား အမိန့်အမှတ်၊၁၀၁/ ၂၀၂၃ ဖြင့် တာဝန်မှရပ်စဲလိုက်ပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ အဖြစ် အမိန့်အမှတ်၊၁၀၂/  ၂၀၂၃ ဖြင့် ခန့်အပ်တာဝန်ပေး လိုက်ကြောင်း ယမန်နေ့က သတင်းထုတ်​ပြန်ထား သည်။