“နွေဉီးသူဌေးကြီးနှင့် တော်လှန်ရေးအမှိုက်ပုံ”

ကျွုန်ုပ်ဖိုးမှန်တစ်ယောက် ဘကြီးအိမ်သို မရောက်ဖြစ်သည်မှာ အတော်ပင် ကြာခဲ့ပါချေပြီ။ မရောက်ဖြစ်တာ လည်းမပြောလေနှင့်။ ကျွန်ုပ်တိုတစ်မိသားစုလုံး ရပ်ကွက်ထဲမှာ မနေရဲတော့သဖြင့် အခြားတစ်နေရာသို ခြေရာဖျောက်ခဲ့ရသည်ကော။ ကျွန်ုပ်တိုမိသားစု ရပ်ကွက်ထဲ မနေရဲသည်မှာ အခြားတော့မဟုတ်။ ကျွန်ုပ်သည်ကား ရဲရဲတောက် အနီစစ်စစ်ကြီး။ အနီစစ်စစ်ကြီးဆိုတော့ ကိုရွှေဘတိုလာဖမ်းလို ရပ်ကွက်ထဲ မနေရဲတာလား မထင်လိုက်နဲ့ဉီး။ ထိုသိုလည်း မဟုတ်တန်ရာ။ အသိုဆိုလျှင် ကျုပ်တိုအနီများ ပြောနေကြသည့် ပျူတွေကိုများ ကြောက်လိုလား။ ထိုသိုလည်း မဟုတ်မမှန်ပါ။

သိုဂလိုဆိုလျှင်ဖြင့် အနီစစ်စစ်ကြီး ဖြစ်ပါလျှက် ဘယ့်အတွက်ကြောင့် ရပ်ကွက်ထဲ မနေရဲရပါသနည်း။ ဤမေးခွန်းကို ကျွန်ုပ်ဖိုးမှန် ဖြေပါမည်။ အကျွန်ုပ်ဖိုးမှန်သည် စကားအစချီထားသည့်အတိုင်း ရဲရဲတောက် အနီစစ်စစ်ကြီး ဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို၏ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြသော PDF ကလေးများကို အစွမ်းကုန် ထောက်ပံ့ခဲ့ပါသည်။ ထောက်ပံ့သည်လည်း မပြောနှင့်လေ။ တော်လှန်ရေးက ၆ လပဲကြာမည်ဟု ဆိုပေသည်ကိုး။ ၆ လလောက်ကတော့ ဖိုးမှန်တို တောင့်ခံနိုင်ပေသည်။ ဤသိုဖြင့် အထောက်အပံ့ကို စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့သည်ပေါ့။

ဤသိုဤနယ် ထောက်ပံ့လာခဲ့ရာ ၆ လသာကြာမည်ဆိုသည့် တော်လှန်ရေးက တစ်နှစ်ပြည့်ခဲ့သည်။ ထိုအချိန်တွင် ကျွန်ုပ်ဖိုးမှန်၏ မိန်းမနားတွင် ပန်ဆင်ထားသော နားကပ်ကလေးလည်း ကုန်ချေပြီ။ ကျွန်ုပ်၏ ကိုယ်ဝတ်တော်ပုဆိုးများလည်း အပေါင်ဆိုင်က ပြန်မလာတော့ချေ။ ထိုသိုသောအခြေအနေမျိုးတွင် ကျွန်ုပ်ယုံကြည်စွာ ထောက်ပံ့ပေးခဲ့သော တော်လှန်ရေးကြီးသို ဆက်လက်ထောက်ပံ့ရန် အခက်တွေ့ လာရတော့သည်။

ဤသိုဖြင့် ၆ လနှင့်ပြီးမည်ဟူသော တော်လှန်ရေးကြီးက ၁ နှစ်ခွဲကာလသို တိုင်ခဲ့ပြီ။ ကျွန်ုပ်သည်လည်း ထောက်ပံ့မှုမပေးနိုင်တော့ပဲရှိလေသည်။ ဤတွင် ကျွန်ုပ်ထောက်ပံ့ပေးနေသော မောင်မင်းကြီးသားများက ကျွန်ုပ်ကို ဒလန်လုပ်သွားပြီလားဟု စတင်သံသယဝင်လာတော့သည်။ နောက်ပိုင်းတွင် သံသယအဆင့်မှသည် ဒလန်ဟု အတိအလင်းစွပ်စွဲပြီး ထောက်ပံ့မှုမလုပ်လျှင် သတ်ပြစ်မည်ဟု ခြိမ်းခြောက်လာတော့သည်။ ထိုသို ခြိမ်းခြောက်မှုများ ခပ်စိတ်စိတ်ဖြစ်လာသောအခါ ၎င်းရပ်ကွက်၌ မနေရဲတော့ဘဲ ခြေရာဖျောက်ကာ အခြားနေရာသို အပြေးအလွှား ရှောင်ရှားခဲ့ရလေတော့သည်။ ဤကား ကျွန်ုပ်တိုမိသားစု ရပ်ကွက်ကို စွန့်ခွာခဲ့ရသည့်အကြောင်းတည်း။

ယခုမူကား ၎င်းသကောင့်သားများအနက် အချိုမှာ ငွေတစ်မတ်ကိုက်ကာ လူ့လောကကြီးမှာမကြတော့သလို အချိုမှာကား ထောင်ထမင်းသွားစာနေလေပြီ။ ထိုသိုအခြေအနေများကြောင့် ကျွန်ုပ်ချစ်လှစွာသော ဘကြီး၏အိမ်သို အလည်တစ်ခေါက် ရောက်ခဲ့ရချေပြီ။ ကျွန်ုပ်သည် ဘကြီးကို စပရိုက်ဖြစ်စေချင်သဖြင့် ကျွန်ုပ်လာရောက်လည်ပတ်မည်ကို ကြိုတင်အသိမပေးခဲ့သလို ယခု ဘကြီးအိမ်သို ရောက်ပြန်တော့လည်း ကျွန်ုပ်မှ ဉီးစွာနှုတ်ဆက်ခြင်းမပြုဘဲ အသာအယာပင် အိမ်ထဲသို ဝင်သွားခဲ့ပြီး ဘကြီးအနီးသို လျှောက်သွားခဲ့လေ၏။

ဘကြီးသည် ကျွန်ုပ်လိုတူအရင်းခေါက်ခေါက်ကြီးတစ်ယောက် အနားရောက်နေသည်ကိုပင် သတိမမူနိုင်လောက်အောင် သူ၏ဖုန်းအတွင်းမှ အမျိုးသမီးတစ်ယောက်၏ဓာတ်ပုံတစ်ပုံကို ဖြဲကြည့်လိုက် ရှုကြည့်လိုက်နှင့် အတွေးများနေပုံရသည်။ ထိုဓာတ်ပုံကိုပင် ဇဝေဇဝါဖြစ်နေဟန်ဖြင့် အသေအချာကြည့်ကြည့်လေသဖြင့် ကျွန်ုပ်ကပင် ရုတ်တရက် နှုတ်ဆက်လိုက်ရတော့သည်။

“ဘကြီး ဘာဓာတ်ပုံတွေကို အဲဒီလောက်တောင် ပြူးပြဲကည့်နေရတာလဲဗျ။ ကိုယ့်တူကြီးတစ်ယောက်လုံး အနားရောက်နေတာတောင် မသိတော့ပါလား။”

သိုဂလိုနှုတ်ဆက်လိုက်မှသာ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေသည့်ဘကြီးက ကျွန်ုပ်အသံလာရာသိုလှည့်ကြည့်ပြီး လှိက်လှဲပျူငှာစွာ ကြိုဆိုစကား ဆိုတော့သည်။

“ဟင်… ခွေးကောင်။ မင်းပေါ်လာသေးသကိုးကွ။ ငါက ပဒတ်တွေသတ်လို သေပြီတောင်ထင်နေတာ။ မသေသေးပဲကိုး။”

ကျွန်ုပ်ဘကြီးက ကျွန်ုပ်ကို အဲ့သလောက်အထိ မေတ္တာ၊ စေတနာရှိသည်။ ကျွန်ုပ်သည်လည်း ဘာပြန်ပြောရမှန်းမသိတာနှင့် အသာလေးငြိမ်နေလိုက်ရသည်။ ဘကြီးကလည်း ကျွန်ုပ်၏အားနည်းချက်ကို သိပြီးသားမို သူကပင် စကားဆက်သည်။

“ဟေ့ မောင်ဖိုးမှန်။ မင်းလာတာနဲ့အတော်ပဲ။ ဟောဒါ ဒိုရွာက အပျံမ မဟုတ်လားကွ။ တူတော့ အတော်တူတာပဲ။”

ဘကြီးက ပြောပြောဆိုဆိုပင် စောစောက သူကြည့်နေသည့် ဖုန်းထဲမှဓာတ်ပုံကိုပြသည်။ ကျွန်ုပ်လည်း အလိုက်သင့်ကြည့်လိုက်၏။ ကြည့်လိုက်သည်နှင့် ဘကြီးပြသောဓာတ်ပုံမှာ သူပြောသည့် ကျွန်ုပ်တိုရွာမှ အပျံမဟုတ်မှန်း ကျွန်ုပ်သိလိုက်သည်။ သိုသော် ယခုဓာတ်ပုံထဲကအပျံမသည် ရွာမှတက်လာစဥ်ကနှင့်တခြားစီ။ ယခုအပျံမသည်ကား အလွန်ချမ်းသာသော သူဌေးမကြီးတစ်ဉီး ဖြစ်နေပြီဖြစ်သည်နှင့်အညီ အလွန်စမတ်ကျပြီး အပြောင်းလဲကြီး ပြောင်းလဲနေပေပြီ။ ထိုကြောင့်လည်း ကျွန်ုပ်ဘကြီးက ဇဝေဇဝါဖြစ်နေခြင်းဖြစ်သည်။

ဤတွင် ကျွန်ုပ်စဉ်းစားရသည်။ ကျွန်ုပ်ဘကြီးအကြောင်း ကျွန်ုပ်သိသည်။ ၎င်းဓာတ်ပုံထဲမှ အမျိုးသမီးမှာ အပျံမဟုတ်ကြောင်း ပြောလိုက်လျှင် ရစရာမရှိအောင်ပြောတော့မည်မှာ ဧဝကံ အမှန်ပင်ဖြစ်တော့သည်။ ထိုကြောင့်ပင် ဘကြီးကိုညာဖို ကျွန်ုပ်ကြိုးစားရတော့သည်။

“မဟုတ်ပါဘူးဘကြီးရယ်။ ရွာကအပျံမက ဒီလောက်သားနားပါ့မလားဗျ။ ရုပ်ချင်းတူတာဖြစ်ပါလိမ့်မယ်။”

ကျွန်ုပ်က ထိုသိုဆိုလိုက်ရာတွင် ဘကြီးက ကျွန်ုပ်ကို မျက်ထောက်နီကြီးဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤတွင် ကျွန်ုပ်သိလိုက်ပြီ။ ဘကြီးကကျွန်ုပ်ကို ပိဿလေးဖြင့် နံဘေးပစ်တော့မည်။

“ဟေ့ကောင်ဖိုးမှန်။ မင်းလိမ်ချင်ရင် မင်းပထွေး နီပိတ်တွေကိုပဲသွားလိမ်။ ငါ့လာမလိမ်နဲ့။ ဟောဒီတောက်ခွက်ကို ခွေးချီသွားလည်း ငါမှတ်မိတယ်။ ဟောဒါ ရွာက အပျံမအစစ်ပဲ။ အဲတော့ သူဘယ်လိုဖြစ်ပြီး ဒီလိုဘဝပြောင်းသွားတယ်ဆိုတာ ငါ့ကိုရှင်းပြစမ်း။ အမှန်အတိုင်းပြောပြနော်။ လိမ်ရင် ဒီမှာတွေ့လား ထွေးခံ။”

သားမှားပြီ မှားပြီအမေရဲ့လိုသာ အော်ငိုလိုက်ချင်တော့သည်။ ဘကြီးအကြောင်းကို သိလျှက်နှင့် အိမ်လည်လာမိသည်ကိုက ကျွန်ုပ်၏မဟာအမှားပင်။ ခုတော့ အမယ်မင်းရယ်တဲ့မှ ပြောရတော့မယ်ဟူသော ငိုခြင်းဖြင့် ဇာတ်ခင်းရုံသာရှိတော့သည်။ မပြောပြန်လည်း ထွေးခံစာမိမည်။ ပြောပြန်ရင်လည်း ကိုယ့်အတက်နဲ့ ကိုယ့်ပြန်အထိုးရတော့မည်။ သိုသော်လည်း မတတ်နိုင်။ ကျွန်ုပ် မျက်နှာကို ညှိးငယ်စွာထားရင်း ကိုလွှမ်းမိုးရဲ့သီချင်းလေးနဲ့ စလိုက်သည်။

“မှန်ရာကို….သစ္စာဆိုပါမည်…ဘုရားသခင်ထံ”

“ဟေ့ကောင်…မင်းကိုသီချင်းဆိုခိုင်းနေတာမဟုတ်ဘူး။ အပျံမအကြောင်းမေးနေတာကွ။ ငါ လုပ်လိုက်ရ။”

သီချင်းလေးတောင် တစ်ပိုဒ်ဆုံးဆောင်ဆိုခွင့်မရတဲ့ ဖိုးမှန်ဘဝဖြစ်သည်။ လက်ထဲအသင့်ကိုင်ထားသော ရေနွေးအကြမ်းခွက်နှင်ရွယ်လိုက်သဖြင့် မျက်နှာကို လက်ဖြင့်ကပြာကရာ ကာထားလိုက်ရသည်။ ပြီးမှ ကာထားသောလက်ကို အသာအယာဖယ်ကာ-

“ပြောမှာပေါ့ဘကြီးရယ်။ ဘကြီးဒီလောက်သိချင်နေတဲ့ ရွာကအပျံမ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ ကျွန်တော်ဖိုးမှန် အမှန်အတိုင်း ပြောပြပါ့မယ်။ ဘကြီးလည်း သိပြီးသားပါ။ ကျွန်တော်တိုရဲ့ ပြည်ထောင်စုမိခင်ကြီးက ပြောခဲ့တယ်မဟုတ်လား။”

“ထွီ…..ဟေ့ကောင်။ ဘာပြည်ထောင်စုမိခင်ကြီးလဲ။ မတန်မရာကွာ။ အဲဒါ ပြည်ထောင်စုမိထွေးဟ၊ မိထွေး။ မိထွေးလိုပြန်ပြောစမ်း။”

“ဟုတ်..ဟုတ်… ဟုတ်ကဲ့ပါဘကြီး။ မှားသွားလိုပါ။ ဘကြီးပြောတဲ့ မိ…မိ….မိထွေးကြီးက ပြောခဲ့တယ်လေ။ ပြောင်းလဲချိန်တန်ပြီ…တဲ့။ အဲဒီစကားနဲ့အညီ အပျံမလည်း ပြောင်းလဲသွားသလို အဲဒီမိထွေးကြီးကိုယုံမှတ်လို ပုံအပ်လိုက်ကြတဲ့ တိုက်ကွန်းဆိုလား ဘာဆိုလား အဲ့…အဲ့…အဲ့သူဌေးကြီးတွေလဲ ပြောင်းလဲကုန်တာပေါ့ဘကြီးရယ်။ အဲဒီအထဲမှာ ကျုပ်တိုလို ကျောမွဲတွေလည်း ပါသပေါ့။”

“အင်း…ဟုတ်ပြီ။ ဘယ်လိုတွေပြောင်းလဲကုန်တာလဲဆိုတာ လုပ်စမ်းပါဉီး။”

“ဘယ်လိုပြောင်းလဲသွားသလဲဆိုတော့ကာ တိုက်ကွန်းတွေက ငမွဲဖြစ်ပြီး ထောင်ထဲရောက်၊ ငမွဲတွေက အမှိက်ပုံရောက်၊ အမှိက်ပုံပေါ်ကလူတွေက မြေသြဇာဘဝရောက်၊ အပျံမတစ်ယောက်ကတော့ ငွေပုံကြီးပေါ်ရောက်သွားခြင်းဖြင့် ပြောင်းလဲကုန်တာပေါ့ဘကြီးရယ်”

ထိုစဉ် ကျွန်ုပ်ဘကြီးမှာ သိလိုရေးဖြင့် မေးခွန်းတစ်ခု ထုတ်ပြန်ပါတော့သည်။

“ဒါနဲ့ နေစမ်းပါဉီး မောင်ဖိုးမှန်ရဲ့။ အပျံမက ရွာမှာစီးပွားရေးအဆင်မပြေလို မြိုပေါ်တက်ပြီး တိုက်ခန်းအစုတ်ကလေးမှာနေရင်းက ဘယ်လိုဖြစ်ပြီး ဒေါ်လာသိန်းချီ ချမ်းသာသွားတာတုန်းကွ။”

ဘကြီး၏အမေးကို ကျွန်ုပ်မဖြေချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအကြောင်းကိုတွေးမိတိုင်း ကိုယ့်မျက်နှာကိုယ် မကြည့်ချင်လောက်အောင် ရှက်လွန်း၍ပင်ဖြစ်သည်။ သိုသော်လည်း သူ့အမေးကိုမဖြေလျှင် ထွေးခံစာမိတော့မည်။ ဘကြီး၏လက်စကို ကျွန်ုပ်သိသည်။ ဖြေကိုဖြေမှ ရတော့မည်။

“အပျံမ ဘယ်လိုချမ်းသာသွားသလဲဆိုတာ ဘကြီးနားလည်အောင် အလွယ်ပြောရရင်တော့ နွေဉီးတော်လှန်ရေးကို အကြောင်းပြု ကောင်းမှုပြုကြတဲ့ ကျုပ်တိုလိုပြည်သူတွေရဲ့ စုပေါင်းအလှူဒါနကိုဘုန်းပြီး သူဌေးကြီးဖြစ်သွားတာပေါ့ဘကြီးရယ်။”

ဤတွင် မတိုးလွန်း၊ မကျယ်လွန်းလှသောလေသံဖြင့် ကျွန်ုပ်ဘကြီး ပြောလိုက်သည်မှာ

“သြော်…. ဒါဆို အပျံမက နွေဉီးသူဌေးကြီးဖြစ်ပြီး မင်းတိုတော်လှန်ရေးသမားကြီးတွေက အမှိက်ပုံရောက်ကြရတာပေါ့…. ကောင်းလေစွ…ကောင်းလေစွ” ဟူသတည်း။

ဓမ္မဘက်တော်သား (အင်ကြင်းမြေ)