ဘော်လခဲမြို့ရှိ ကြိုးတံတားတစ်စင်းအား အကြမ်းဖက်သမားများမှ မိုင်းခွဲ

ကယားပြည်နယ်၊ ဘော်လခဲမြို့မှာရှိတဲ့ ကြိုးတံတားတစ်စင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်းခွဲခံလိုက်ရပြီး ပျက်စီးသွားတယ်လို သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ဘော်လခဲမြို့နယ်က ဘော်လခဲ-ဖားဆောင်း ကားလမ်းနဲ့ ရေနီပေါက်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကြိုးတံတားတစ်စင်းကို အကြမ်းဖက် PDF များမှ မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
အဲ့ဒီကြိုးတံတားဟာ ဘော်လခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာရှိ ပွန်းချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ တံတားဖြစ်ပြီး တံတားအရှည် ၃၂၅ ပေရှိတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။
လက်ရှိမှာ မိုင်းဖောက်ခွဲခံခဲ့ရတာကြောင့် တံတားရဲ့ သံမဏိဆိုင်းကြိုးတွေ ပျက်စီးသွားကာ ပြိုကျခဲ့ပြီး လူနဲ့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို သိရပါတယ်။