စစ်ပွဲကို ကရင်လူထုက မလိုလားသော်လည်း အကျိုးအမြတ်ရနေသူအချိုက တိုက်ပွဲများကို ဖန်တီးနေ

စစ်ပွဲကို ကရင်လူထုအများစုက မလိုလားသော်လည်း စစ်ပွဲကိုအမှီပြု အကျိုးအမြတ်ရနေသူအချိုက တိုက်ပွဲများကို ဖန်တီးနေဟု ပဒိုရွှေမောင်း ဝေဖန်
မြူနစ် (NP News) – အောက်တိုဘာ ၆

ကရင်လူထုအများစုက စစ်ပွဲကို မလိုလားသော်လည်း စစ်ပွဲကိုအမှီပြုကာ အကျိုးအမြတ်ရနေသူအချိုက တိုက်ပွဲများကို ဖန်တီးနေကြောင်း ပဒိုရွှေမောင်းက ဝေဖန်ပြောကြားသည်။

KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းအား NP News သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ တွင် ၎င်းက အထက်ပါကဲ့သို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်းရှိ ကရင်လူထုအများစုသည် စစ်ပွဲများကို မလိုလားကြောင်းနှင့် တိုက်ပွဲများမဖြစ်ရန် တောင်းဆိုနေမှုများရှိကြောင်း သိရသည်။

“ဒီစစ်ပွဲကို အဆုံးသတ်ဖို ငြိမ်းဖိုက လူထုအများစုရဲ့ဆန္ဒပါ။ ငြိမ်းချမ်းစေချင်တယ်။ စစ်ပွဲကို ရပ်စေချင်တယ်။ စစ်ပွဲ နောက်ထပ်မဖြစ်စေချင်ဘူး။ အဲဒါက လူထုတွေရဲ့အများစုဆန္ဒပါ။ ဒါပေမယ့် နှစ်ရှည်လများ စစ်ပွဲတွေ ဖြစ်ပေါ်လာ တဲ့အပေါ်မှာ စစ်ကြောင့် အကျိုးဖြစ်ထွန်းမှု၊ သူတိုအတွက် အကျိုးစေရှိတဲ့ဟာတွေ စစ်ပွဲကို ဖန်တီးပြီးတော့မှ အကျိုးအမြတ်ရရှိအောင် လုပ်နေတဲ့လူတစ်ချို ရှိနေသလိုပဲလို ကျွန်တော်အနေနဲ့ အဲဒီလိုမျိုးပဲပြောချင်တယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကို အမှီပြုပြီးတော့မှ အကျိုးဖြစ်ထွန်းတဲ့ လူတွေပေါ့နော်။ စစ်ကိုအကြောင်းပြုပြီးတော့မှ သူတိုရဲ့အကျိုးရှိအောင်၊ သူတိုအကျိုးစီးပွားဖြစ်ထွန်းနေတဲ့ လူတစ်ချိုရှိတာပေါ့နော်။ အဲဒါအနည်းစုပေါ့။ အဲဒီ လူတွေကတော့ စစ်ပွဲကို မဖြစ်ဖြစ်အောင် ဖန်တီးလိုတဲ့ဆောင်ရွက်မှုကတော့ ရှိနေတယ်” ဟု ပဒိုရွှေမောင်းက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲများသည် လူထု၏တောင်းဆိုမှုအရ ဖြစ်ပေါ်လာ သည့်တိုက်ပွဲများ မဟုတ်ကြောင်းနှင့် စစ်ပွဲကို အမှီပြုကာ ကိုယ်ကျိုးရှာနေသူအချိုက ဖန်တီးနေသည့် တိုက်ပွဲများ သာဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

ဆက်လက်ပြီး ပဒိုရွှေမောင်းက “ဘယ်လူထုကမှ တိုက်ပွဲကို ပြန်ဖော်ပါ။ ဗမာ့တပ်မတော်ကို တစ်ခါတည်း အကုန်အစင် သုတ်သင်ရှင်းလင်းတိုက်ခိုက်ပစ်လိုက်ပါလို တောင်းဆိုတဲ့လူထုတွေကိုတော့ ကျွန်တော် မတွေ့ဘူး။ ဒါပေမယ့် စနစ်ပေါ့နော်။ စစ်ကိုဖြစ်စေတဲ့ စနစ်ကိုတော့ သူတို မလိုချင်တာတော့ အမှန်ပဲ။ သိုပေမယ့် တိုက်ပွဲကို တော့ သူတို မလိုချင်ပါ ဘူး” ဟု ပြောသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ကရင်ပြည်နယ် အတွင်း၌ KNU အဖွဲအစည်းလက်အောက်ရှိ KNLA၊ NUG လက်အောက်ရှိ PDF ပူးပေါင်းအဖွဲများ နှင့် တပ်မတော်တိုအကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

“လူတွေကတော့ ဒုက္ခရောက်နေပြီ။ ကျွန်တော်တို ဒေသမှာဆိုလိုရှိရင်လည်းပဲ စစ်ကြောင့် ပြေးရှောင်နေရတယ်။ အိုးအိမ်တွေလည်း ပျက်တယ်။ ပြေးနေရတယ်ဆိုတော့ ရှိသမျှဟာတွေ အကုန်လုံးပျက်စီးကုန်ပြီ။ အခုဆိုလိုရှိရင် စစ်ဖြစ်တဲ့နေရာ ကျေးရွာလူထုအများစုကတော့ ဒုက္ခရောက်ကုန်ပြီဖြစ်တယ်။ ဒါကြောင့်မိုလို ရှေ့ဆက် လူထုတွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေကနေ လွတ်ကင်းဖိုအတွက်ဆိုရင် လက်နက်ကိုင်အဖွဲအစည်းတွေ အကုန်လုံး ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ဖို လိုတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုကြောင့် ပြည်သူလူထုခံစားနေရသည့် ဒုက္ခဆင်းရဲများမှ ကင်းဝေးစေရန်အတွက် လက်နက်ကိုင်အဖွဲအစည်းများ အနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်လည်း KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။