ခြေစစ်ပွဲအောင်မယ်လို့ မြန်မာဖူဆယ်နည်းပြ ယုံကြည်

AFC Futsal Asian Cup 2024 ခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီနေ့မှာကျင်းပပြုလုပ်ခဲ့ရာမှာ မြန်မာဖူဆယ်အသင်းရဲ့ထိုင်းလူမျိုးနည်းပြ Mr. Bunlert Charoenwong က ခြေစစ်ပွဲအောင်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

AFC Futsal Asian Cup 2024 ခြေစစ်ပွဲစဉ်တွေကို တာဂျစ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အိမ်ရှင် တာဂျစ်၊ မြန်မာ၊ အိန္ဒိယနဲ့ ပါလက်စတိုင်းအသင်းတို့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

Mr. Bunlert Charoenwong က အုပ်စုတွင်းမှာ အိမ်ရှင် တာဂျစ်ကစ္စတန်အသင်းက အတောင့်တင်းဆုံးဖြစ်ပြီး ပါလက်စတိုင်းနဲ့ အိန္ဒိယအသင်းတွေကိုလည်း လျှော့မတွက်ကြောင်း အသင်းသားတွေ မှာကြားထားတဲ့အတိုင်းကစားနိုင်မယ်ဆိုရင် ခြေစစ်ပွဲအောင်မှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။