မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ကုသိုလ်များတဲ့သူဟာ
ဘုန်းကံတွေပိုကြီးမားပါတယ် ။

စိတ်ကောင်းရှိတဲ့သူဟာ
အရောင်တွေ ပိုတောက်ပါတယ် ။

အဆင်ပြေတယ်ဆိုတာ
ကုသိုလ်ကံရဲ့ တုန့်ပြန်မှုတွေပါ ။

ချစ်တဲ့သူတွေများတယ်ဆိုတာ
စိတ်ကောင်းရဲ့တုန့်ပြန်မှုတွေပါ ။

သူများတွေကို
မနာလိုစိတ်တွေ အဖြစ်များမယ်

ဘ၀ပျက်အောင်လုပ်မယ်ဆိုတဲ့
မကောင်းတဲ့ စိတ်တွေဟာ

မိမိရဲ့လက်ရှိဘ၀ကို
ကျက်သရေလည်းယုတ်စေသလို
အရောင်လည်းမှိန်စေပါတယ် ။

ကိုယ့်ကိုယ်ကို မကောင်းတဲ့ဘ၀ကို
ဆွဲချရာရောက်စေတတ်လို့

ကိုယ်ရဲ့အပြစ်ရှိတဲ့စိတ်ထားတွေကို
အလှပြင်သလို ပြင်ကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏