အရှုံးပေးခြင်း အနုပညာ
💘💘💘💘💘💘💘

စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ
အရမ်းတော်ပါတယ်။ ဘယ်သူကမှသူ့ကိုနိုင်အောင်
မကစားနိုင်ပါဘူး…။

တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့
အဲ့ရွာကအိမ်သေးသေး လေးတစ်လုံးမှာ
“တစ်နိုင်ငံလုံးရဲ့ စစ်တုရင်ကစားရာမှာနံပါတ်တစ်” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်…။

စစ်သူကြီးဟာမယုံတဲ့အတွက်အိမ်ရှင်ကိုသွားရှာပြီး
စစ်တုရင်ပြိုင်ကစားကြတာအိမ်ရှင်က(၃)ကြိမ်လုံး
ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ်
“ ဟားဟား….မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်
လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်
ထွက်သွားတော့တယ်…။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့
တိုင်းပြည်ကိုပြန်လာကြရာ အဲ့ဒိရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်။

ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့နောက်ထပ်
စိန်ခေါ်စကားပြောကြရင်းထပ်ကစားဖြစ်ကြတယ်။

ဒီတစ်ခါကျတော့စစ်သူကြီးက(၃)ပွဲလုံးဆက်
တိုက်ရှုံးသွားတယ်။စစ်သူကြီး အရမ်းအံသြ
သွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်
လည်းပေါ့။

အိမ်ပိုင်ရှင်ကပြောပြတာက ……
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်
ထွက်တိုက်ရမဲ့တာဝန်ကြီးရှိနေတယ်။ ကျွန်တော်
မျိုးအနေနဲ့အသင်စစ်သူကြီးကိုစိတ်ဓါတ်ကျအောင်
စိတ်အားကို ချိုးပစ်လို့မသင့်ဘူး။
ဒီတစ်ခေါက်အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှို
ထားစရာ မလိုတော့ဘူးပေါ့ ”တဲ့။
————————-

တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ၊ စွန့်လွှတ်နိုင်စွမ်းရှိအောင် စိတ်သဘောထားကြီးတဲ့သူပါပဲ။

လက်တွေ့ဘဝမှာလည်း အတူတူပါပဲ…..။
သိနေလည်း မလိုအပ်ဘဲ ပြောစရာမလိုပါဘူး။
မပြောဘူးဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။

ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့်….crd