ဂန့်ဂေါမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးတယ်လို Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၂၇ ရက်နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ မှ စစ်တပ် စစ်ကြောင်းက ဂန့်ဂေါမြို့နယ်အတွင်း လှည့်ပတ်ကာ လူသတ်မီးရှို့ လုယက်နေကြောင်း၊ အဆိုပါ စစ်ကြောင်းတွင် စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အနောက်ဂန့်ဂေါကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား ၃ ဦးခန့်သေဆုံးနိုင် ကြောင်း၊ Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၂၉ ရက်နေ့၌ ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကိုပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ အများအထင်မှားအောင် လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။