ဝက်လက်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဈေးသည် ၇ ဦးအား ပစ်သတ်တယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ သမာရိုးကျကျေးရွာမှ အခြားကျေးရွာများသို့ စျေးရောင်းထွက်ကြသည့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးကို စစ်တပ်က တားဆီး၍ ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ ယင်းနောက်သမရိုးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့်ရွာသူရွာသား ၆ ဦးဒဏ်ရာများရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၆ ရက်နေ့ ဝက်လက်မြို့နယ်၊ သမာရိုးကျကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေရာကို PDF များမှ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းသာရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ PDF များရဲ့ ပြည်သူများအပေါ် အနိုင်ကျင့် ယုတ်မာသတ်ဖြတ်မှုများကို ဗြောင်လိမ်ပြီး တပ်မတော်ကို အပြစ်ပုံချ၍ အများပြည်သူအထင်မှားအောင် အပုတ်ချကာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

#FactCheck
https://t.me/factcheckmm