မင်္ဂလာမနက်ခင်းလေးပါ

ဘယ်သူ့အပေါ်ကိုမှ
ကိုယ်စိတ်ဆင်းရဲစေမှုဒုက္ခတွေ
မပေးမိအောင်
ကြိုးစားနေထိုင်တတ်ခြင်းဟာ

အမွန်မြတ်အကောင်းဆုံးသော
ပရဟိတ အလုပ်တစ်ခုပါ ။

ဝတ္ထုပစ္စည်းတွေနဲ့
ကူညီဖြည့်ပေးမှပရဟိတရယ်လို့
သတ်မှတ် မထားပါဘူး ။

သူများဘဝကိုအေးချမ်းစေဖို့
မေတ္တာတွေပို့ပေးရင်လည်း

သူလည်းမပူလောင်ရသလို
ကိုယ်လည်းချမ်းသာရပါတယ် ။

ဒါကြောင့်
ပိုက်ဆံမကုန်တဲ့ကုသိုလ်ကို
ယူတတ်အောင်ကြိုးစားပါ ။

သူတစ်ပါးကို
မနစ်နာစေလိုတဲ့စိတ်ဟာ
ကိုယ့်ကိုချမ်းသာစေပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏