မင်းကင်းမြို့နယ်၊ မအူကျေးရွာ အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား PDF အကြမ်းဖက်သမားများကမီးရှို့ဖျက်ဆီး

NUG/CRPH/ PDF ပြည်သူပိုင် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်း များ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက် အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါတယ်။
ယနေ့နံနက် ၄ နာရီခွဲခန့်တွင် မင်းကင်းမြို့နယ်၊ မအူ ကျေးရွာအတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်း ဖက်သမားများက လာရောက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ထပ်ဆောင် စာသင်ကျောင်း ၃ လုံးနှင့် အုပ်ချုပ်မှုအဆောက်အဦ ၃ လုံးတို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။