ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင်  KIA၊PDF၊NUG ကိုယ်စားလှယ်များ၏ NUG ရုံးဖွင့်ပွဲအား ပစ်ခတ်ရှင်းလင်း

ယနေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့ အရှေ့တောင်ဘက် ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကျေးရွာ၏ အနောက်ဘက် ရွာအပြင် အဆောက်အဦတစ်ခုတွင် PDF အကဖ အဖွဲ့ခေါင်းဆောင် ရင်း(၃)ထောက်ပို့တာဝန်ခံ ဇာနည်အောင်နှင့် ခင်မောင် ဌေး(ခ)ဗိုလ်သူရိန် တို့ဉီးဆောင်ပြီး တရားမဝင် NUG ရုံးဖွင့်ပွဲအခမ်းအနားအား
ပြုလုပ်လျက်ရှိကြောင်းနှင့် အခမ်းအနားသို့ PDF ရင်း ၃ နယ်မြေဖြစ်သည့် ကန့်ဘလူမြို့နယ်၊ KIA ခေါင်းဆောင်များ၊ ကန့်ဘလူအရှေ့ ဘက်ခြမ်းနှင့်အရှေ့တောင်ဘက်ခြမ်းရှိ KIA/PDF အကဖအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအင်အား ၅၀၀ ခန့် တက်ရောက်လျက်ရှိကြောင်း နယ်မြေခံ အမာခံများ၏ သတင်းပေးချက်အရ လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ပဇီကြီးအကြမ်းဖက် PDF များဟာ ကန့်ဘလူမြို့ ၊ ပေါက်ကုန်းကျေးရွာက အပြစ်မဲ့ပြည်သူ (၉ ) ဦးကိုလည်း အကြောင်းမဲ့ သတ်ဖြတ်ခဲ့သလို၊ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကိုလည်း လာရောက်တိုက်ခိုက်နေတဲ့ အဖွဲ့များပဲဖြစ်ပါတယ်။

မိုင်းထောင်ထားကြတယ် မသွားရဲဘူးကြောက်တယ်လို့ အကြမ်းဖက်တွေအလောင်းကောက်ရင်းပြောနေတဲ့ဗီဒီယိုဖိုင်ရယ်..သူတို့တင်လာတဲ့ သေဆုံးသွားသူများစာရင်းရေးထားတဲ့ စာအုပ်လေးတွေက အဓိကသက်သေပါဘဲ။ ဒါကြောင့်မို့ ပြည်သူလား? PDF လားဆိုတာ တကူးတက ရှင်းပြနေစရာလည်း မလိုတော့ပါဘူး။

အဆိုပါဖြစ်စဉ်တွင် ဖွင့်ပွဲတက်ရောက်ခဲ့သော KIA/PDF/NUG ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များစွာ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ သေးဆုံး စာရင်း အသေးစိတ်အား ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

PDF အမည်ခံ အကြမ်းဖက်သမားများ၏  NUG ရုံးဖွင့်ပွဲအခမ်းအနားဖြစ်တဲ့အတွက် နိုင်ငံတော်မှလည်း ပြောထားသလိုပဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးတို့ကို လုပ်ဆောင် လျက်ရှိရာ အပြည်မဲ့ပြည်သူများ၏ ကျန်းမာရေး၊၊ပညာရေး၊အုပ်ချုပ်ရး ဝန်ထမ်းများကို အကြောင်းမဲ့သတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့အဖွဲ့တွေအနေဖြင့် နိုင်ငံအတွင်း ပြေးစရာမြေဆိုတာ မရှိစေရ ဆိုတဲ့အတိုင်း အမြစ်ပြတ်သည့်ထိ ချေမှုန်းသုတ်သင် သွားမည်ဆိုသည်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။