အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဒဿမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာ ကျင်းပပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဒဿမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီ ၁၀ ရက်တွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ နိုင်ငံတော်ဩဝါဒါစရိယ နိဂြောဓာရုံ၊ ညောင်ပင်သာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပုသိမ်မြို့၊ မဟာရန်ကင်းတောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမန ထံမှ ဆယ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ သံဃာတော်များ၊ တိုင်းမှူးနှင့် အလှူရှင်များက ရဟန်းလောင်း ၇၄ ပါး၊ ရှင်သာ မဏေလောင်း ၁၂ ပါးနှင့် သီလရှင်လောင်း ၅ ပါး တို့ကို ဆံချမင်္ဂလာပြုလုပ်၍ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးခဲ့ကြတယ်လို့သိရပါတယ်၊