ဘဝဆိုတာ

စိတ်ညစ်နေလို့လည်း
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေက
ဖြစ်လာကြမှာ မဟုတ်ပါဘူး ။

မပြေလည်မှုတွေ ကြားကပဲ
ပျော်ရွှင်မှုကို ရှာဖွေကြရမှာပါ ။

ရှုံးနိမ့်မှုတွေ ကြားကပဲ
အမြတ်ရမှုကို ထုတ်ယူရမှာပါ ။

ပျက်စီးမှုတွေ ကြားကပဲ
အေးချမ်းမှုကို ရွေးယူကြရမှာပါ ။

ဖြစ်ချင်တာဖြစ်ဆိုပြီးတော့
နေလိုက်မယ်ဆိုရင်
ကိုယ့်ဘ၀ဟာပိုနစ်နာရပါတယ် ။

အခိုက်အတန့်
ကြပ်တည်းမှုတွေရဲ့ကြားမှာ

ရောင့်ရဲ သည်းခံမှုတွေမပါရင်
ဘ၀က ပြိုလဲကျသွားနိုင်လို့

အရင်က
ပြည့်စုံအဆင်ပြေခဲ့မှုတွေကို
ပြန်အောက်မေ့ဆင်ခြင်ပြီးတော့

မကြာခင်လည်း
ပြေလည်သွားမှာဆိုတဲ့အတွေးနဲ့

ကိုယ့်စိတ်တွေ ချမ်းသာအောင်
ကြိုးစားလို့ ထားပေးကြရမှာပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏