စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်ပြီ

ဆီပိဿာ ၃.၇၆ သန်းကို ယနေ့မှစ၍ ဗုဒ္ဓဟူးနေ့အထိရောင်းမည်။

ရန်ကုန်တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စားသုံးဆီလက်လီ၊လက်ကားကုန်သည်များ၊ ဆီဆိုင်အရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိစေရေးအတွက် ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာတွင် ပွင့်လင်းမြင်သာမှုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဩဂုတ်လ ၂၈ ရက်နေ့တွင် “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့”ကို ဖွဲစည်းခဲ့ကြောင်း သိရသည်။