ဌာနဆိုင်ရာများ စုပေါင်း၍ ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူခြင်းကို အောက်တိုဘာလ
၁ ရက်နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကျိုင်းတုံမြို့ပေါ်ရှိ
ဘုန်းတော်ကြီးကျောင်း ၄၁ ကျောင်းမှ သံဃာတော် ၂၇၈ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၂၉ ပါးတို့ကို ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့်
ဝတ္ထုငွေများ လောင်းလှူခဲ့တယ်လို့ သိရှိရပါတယ်။