မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷လက်ကျန်ကို ဘယ်လိုသုံးမလဲ🌷

ဘ၀ရဲ့လက်ကျန်ရက်တွေမှာ
ဘယ်လိုရှင်သန်သွားမလဲဆိုတာ
ကိုယ့်ကိုယ်ကို စီစစ်ပြီးမေးဖို့လိုပါတယ် ။

ဘ၀တစ်ဆက်ချိုးအရွယ်မှာ
ကောင်းတဲ့အလုပ်ပါရမီတွေဟာ
များနေသလား နည်းနေလားဆိုတာရယ် ။

မကောင်းတဲ့အကုသိုလ်အလုပ်တွေနဲ့
အချိန်ကုန်ခဲ့သလား
မကုန်ခဲ့ဘူးလားဆိုတာရယ်ပြန်စီစစ်
ပါ ။

ဘ၀ဆိုတာ
သန့်ရှင်းတဲ့ ဖန်ပုလင်းတစ်လုံးဆိုရင်

ကိုယ်ဘာတွေ ထည့်ထားမိသလဲလို့
သေချာလေး စစ်ကြည့်ဖို့လိုပါတယ် ။

ထည့်ထားတာတွေက
အကုသိုလ်အဆိပ်ရည်တွေဆိုရင်
ဘ၀ရဲ့ရှင်သန်မှုဟာ မမြတ်နိုင်ပါဘူး ။

အကုသိုလ်တစ်၀က်က
ဘ၀ထဲမှာနေရာယူထားမိတယ်ဆိုရင်

အဲ့ဒီအကုသိုလ် အဆိပ်ရည်တွေကို
သွန်ပစ်စွန့်လွတ်လိုက်ပြီးတော့

ကျန်ရှိနေသေးတဲ့ ကိုယ့်ရဲ့ဘ၀ကို
သန့်ရှင်းတဲ့ကုသိုလ်အလုပ်တွေနဲ့ပဲ
တည်ဆောက်နိုင်အောင် ကြိုးစားပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏