မြန်မာ့ လက်ရွေးစင်အသင်း၏ ဂျာစီဒီဇိုင်းအသစ်ကို ယနေ့ စတင်မိတ်ဆက်

နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ သက်တမ်းအလိုက် အသင်းများ၊ ဖူဆယ်လက်ရွေးစင် အသင်းများ ဝတ်ဆင်မည့် ဂျာစီဒီဇိုင်းအသစ်ကို ယနေ့ စတင် မိတ်ဆက်ထားပါသည်။

ဂျာစီ ဒီဇိုင်းအသစ်တွင် မြန်မာ့လက်ရွေးစင် အသင်းလိုဂို အသစ်၊ ခေတ်အဆက်ဆက် အောင်မြင်မှုများနှင့် ရှေ့သို့တက်လှမ်းခြင်း Pattern များ ထည့်သွင်းကာ ပုံဖော်ထားကြောင်း သိရသည်။

၎င်းဂျာစီ ဒီဇိုင်းအသစ်အား လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည့် ဂျပန်နှင့် မြန်မာအသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (ဒုတိယအဆင့်)မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်း ဝတ်ဆင်ကစားသွားမည် ဖြစ်ပါသည်။

အဆိုပါ မြန်မာ့လက်ရွေးစင် အသင်း ဂျာစီများအား Warrix Myanmar မှ ထုတ်လုပ်ထားပြီး ၎င်းမှ တင်သွင်း ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။