ဖေဖော်ဝါရီလ ၁ ရက်နေ့ မှုခင်းသတင်းများ

-ဇန်နဝါရီလ ၃၁ ရက် ၁၅၃၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ လိမ်ပင်ကျေးရွာ၊ သင်္ချိုင်းအနောက်ဘက် ကိုက် ၂၀၀ ခန့်အကွာ၌ အလောင်း ၁ လောင်း တွေ့ရှိကြောင်း သတင်းအရ စစ်ဆေးခဲ့ရာ (စိစစ်ဆဲ) ကျား ၁ ဦးအား အကြမ်းဖက် PDF များမှ သတ်ဖြတ်သွားခဲ့ရာ လည်ပင်းလှီးဖြတ်၊ ယာနံဘေး ဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဇန်နဝါရီလ ၃၁ ရက် ၁၇၁၅ နာရီတွင် နတ်မောက်မြို့နယ်၊ န/ဖုန်ကုန်းကျေးရွာနေ ဦးဘိုလင်း(၄၀)နှစ်သည် ဈေးဝယ်ရန် နတ်မောက်မြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဒဟတ်ကုန်းကျေးရွာ လမ်းခွဲအရောက်၌ အကြမ်းဖက်သမား ကျား       ၄ ဦး မှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဘိုလင်းတွင် ဦးခေါင်း၊ ဝဲမျက်လုံး၊ ဝဲမျက်ခုံး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဇန်နဝါရီလ ၃၁ ရက် ၀၉၄၀ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ရှေ့သို့ PDF အကြမ်းဖက်အဖွဲ့ဝင် ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံး ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ဘဏ်ရှေ့လမ်းမပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဘဏ်အနီးမိတ္ထူဆိုင်မှ မိတ္ထူကူးယူ၍ ပြန်လာသည့် UAB ဘဏ်၀န်ထမ်းများဖြစ်သည့် ဒေါ်ချစ်မင်းသူ(၃၅)နှစ်၊ အမှတ်(၅)ရပ်ကွက်နေသူတွင် ဝဲဒူး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ဆွေမွန်အောင်(၃၀)နှစ်၊ အမှတ်(၉)ရပ်ကွက်နေသူတွင် ဝဲနားရွက်အောက်၊ ဝဲမျက်ခုံး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၃၁ ရက် ၁၆၁၅ နာရီတွင် နွားထိုးကြီးမြို့၊ တဇောက်ကျေးရွာအနီး၊ ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊ ၃၁၉/၆ နှင့် ၃၁၉/၇ အကြားရှိ တံဇောက်ချောင်းတံတားအား PDF အကြမ်းဖက်အဖွဲ့မှ Drone ယာဉ်ဖြင့် Drop ဗုံး ၂ လုံး ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Drop ဗုံးများမှာ တံဇောက်ချောင်းတံတားအနီး၌ ၁ လုံး၊ လမ်းလယ်ကျွန်းအနီး၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲခဲ့။

-ဇန်နဝါရီလ ၃၁ ရက် ၀၈၁၅ နာရီတွင် ရန်ကုန် – မန္တလေး အဆန်ကုန်တင်ရထား စက်ခေါင်းအမှတ် DF-1367 ပါ အတွဲ ၃၅ တွဲသည် ရန်ကုန်မှ ထွက်ခွာလာစဉ် ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအနီး၊ ရထားလမ်းကြေးနန်း မိုင်တိုင်အမှတ်၊ ၁၀၃/၁၂ နှင့် ၁၀၃/၁၃ ကြား အရောက်၌ KNU/PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် မီးရထားခေါင်းတွဲနှင့် ခေါင်းတွဲနောက်ရှိ အတွဲ ၃ တွဲတို့မှာ အရှေ့ဘက် ခြမ်းသို့ အနည်းငယ်တိမ်းစောင်းခဲ့ပြီး သံလမ်း အရှည် ၈ ပေခန့်ကွေး၊ ၅၀ ပေခန့် နေရာရွေ့၊ ဇလီဖာတုံး ၆ တုံးခန့် ပျက်စီး၊ ၇၂ တုံးခန့် နေရာရွေ့ခဲ့ကြောင်း သိရှိရ။