ပြင်သစ်နိုင်ငံတွင်ယခုဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ

ပြင်သစ်နိုင်ငံတွင် မကြာသေးမှီအချိန်အတွင်းက ပြင်သစ်နိုင်ငံအစိုးရ၏ ပင်စင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာဥပဒေကို ဆန့်ကျင်ကြသည့် အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဟာ ယနေ့ထိတိုင် လက်ရှိအစိုးရကို ဆန္ဒပြမှုကြီးများဆက်လက် လုပ်ဆောင် လျက်ရှိနေကြပါတယ်။ ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိ ၁၂,၀၀၀ ကျော်ဟာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများကို တားဆီးနိုင်ရန် ပါဝင်လာခဲ့ကြရပြီး မြိုနယ်အလိုက် ဆန္ဒပြပြည်သူများကို စောင့်ကြည့်နိုင်ရန် ဒရုန်းများကိုများစွာ အသုံးပြုခဲ့ကြရပါတယ်။ ဆန္ဒပြပြည်သူများက မီးရှူးမီးပန်းများနှင့် မီးလောင်ဗုံးများကိုရောနှောအသုံးပြုခဲ့ကြပြီး ရဲတပ်ဖွဲဝင်များကို ပစ်ပေါက်တိုက်ခိုက်သည်အထိ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြတဲ့အတွက် ပြင်သစ်နိုင်ငံ၏ ရဲတပ်ဖွဲဝင်များကလည်း မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆံများ နံပါတ်တုတ်များ အသုံးပြုပြီး ဆန္ဒပြပြည်သူများကိုတုံပြန်ဖြိုခွင်းခဲ့ကြပါတယ်။

ထိုဖြစ်စဥ်များကြောင့် ဆန္ဒပြပြည်သူအနည်းဆုံး လူဦးရေ ၅၄၀ နီးပါး ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရဲတပ်ဖွဲဝင်များနှင့် အစိုးရအာဏာပိုင်အဖွဲ့ဝင်လူဦးရေပေါင်း ၁၀၈ ဦးကျော် ဒဏ်ရာများရရှိခဲ့ကြပါတယ်။ ယခုဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် ပြင်သစ်နိုင်ငံတွင်အကြီးမားဆုံးဆန္ဒပြမှုများထဲမှ ၁၂ ကြိမ်မြောက်အဖြစ် အစိုးရအား အဓိကဆန့်ကျင်သည့်ဆန္ဒပြ လုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်.။