(၇၇) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ ၌ မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေး လှူဒါန်း

(၇၇) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံကြီး၌ မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေး လှူဒါန်းခြင်းအား မေလ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် ကျား ၅၂ ဦး၊ မ ၉ဦး၊ ပေါင်း ၆၂ ဦး မှ သွေးဖောက်လှူဒါန်းခဲ့ရာ တောင်ကြီးစဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ဦး နှင့် တာဝန်ရှိသူများမှ စစ်ဆေးလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရပါတယ်.။