စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

နိုဝင်ဘာ ၁၅ရက်နေ့က နယ်မြေခံ တပ်မတော်သားများမှ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် သက်သာသော စျေးနှုန်းများနဲ့ ရောင်းချပေးခဲ့ရာ-
(၁) ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈) မြို့နယ်၊
(၂) ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၅) မြို့နယ်၊
(၃) ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၃) မြို့နယ်၊
(၄) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့၊
(၅) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၄) မြို့နယ်၊
(၆) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊
(၇) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့၊
(၈) စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၈) မြို့နယ်၊
(၉) ချင်းပြည်နယ် အတွင်းရှိ မြို့နယ်(၃) မြို့နယ်၊
(၁၀) မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃) မြို့နယ်၊
(၁၁) မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၇) မြို့နယ်တွေမှာ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့
ဘက်စုံ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများက ထွက်ရှိတဲ့ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ တပ်မတော်စက်ရုံများမှ ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများစတဲ့ စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။