မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ ဘုရင့်အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမည်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့အတွက် ဘုရင့်အသုံးအဆောင်ပစ္စည်းတွေကို ပြန်လည်ခင်းကျင်းပြသမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ အသိပေးထုတ်ပြန်ထားမှုအရ သိရပါတယ်။

အဲဒီလိုခင်းကျင်းပြသနိုင်ဖို့အတွက် ဘုန်းတော်ကြီးကျောင်းတွေ၊ ပုဂ္ဂလိကတွေအနေနဲ့ ဘုရင့်အသုံးအဆောင်ပစ္စည်းတွေကို သက်ဆိုင်ရာအထောက်အထားနဲ့တကွ လာရောက်လှူဒါန်းနိုင်တယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။

လာရောက်လှူဒါန်းတဲ့ပစ္စည်းတွေထဲက ရှားပါးတန်ဖိုးကြီးမားတဲ့ပစ္စည်းလို့ သတ်မှတ်နိုင်မယ့် ပစ္စည်းတွေကို ရွေးချယ်စိစစ်ပြီး ဂုဏ်ပြုမှတ်တမ်းနဲ့တကွ ချီးမြှင့်ငွေပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

crd