“ဘူးသီးကြော်မုန့်နှစ်စပ်နည်း

1.ဆန်စိမ်းမှုန့် -240 g
2.ကောက်ညှင်းမှုန့်-120 g
3.ပဲစိမ်းမှုန့် -1 tbsp မောက် မောက်(20 g)
4.Baking soda. -1/2 tbsp
5.Baking Pd. -1/4 tbsp
အားလုံးသမအောင်မွှေပြီးဘူးထဲထည့်သိမ်းထား။
*အကြော်ကြော်ရန်-အကြော်မှုန့်ကိုရေခဲရေနဲ့ဆတူနီးပါးရောဖျော်ပါ။ရေခဲရေကိုနဲနဲစီအရင်ရောပါ။လိုမှထပ်ထည့်ပါ။မုန့်နှစ်အပျစ်အကျဲကနိုဆီလိုပျစ်တဲ့အနေဆိုရပါပြီ။မုန့်နှစ်ကိုအနည်းဆုံးနာရီဝက်နှပ်ထားပြီးမှကြော်ခါနီး ဆား1/4tsp,ဆီ1 tbsp(ဆီထည့်ခြင်းအားဖြင့်မုန့်သားကိုပိုမိုကြွပ်ရွစေပါတယ်)ဂျင်းကြက်သွန်ဖြူထောင်းထည့်လိုလျှင်ထည့်မထည့်လည်းရပါတယ်၊အရောင်တင်မှုန့်1/4 tsp(အရောင်တင်မှုန့်)
အားလုံးသမအောင်မွှေပါ။
ဒီအချိုးကအကြော်မှုန့်160 g(တစ်ဆယ်သား)အတွက်ပါ။
*ရေးကြီးတာကကြော်မယ့်ဘူးသီးကိုအလုံးလိုက်ရေဆေးအစိပ်မထူမပါးအခွံပါလှီးထားပြီးအတတ်နိုင်ဆုံးရေခြောက်အောင်သုတ်ထားပါ။
*ခြောက်နေတဲ့ဘူးသီးစိပ်များကိုကြော်ခါနီးအကြော်မှုန့်နဲ့အနည်းငယ်လူးထားပါ။(ပုံပါအတိုင်း)အဲ့လိုလူးထားခြင်းအားဖြင့်မုန့်နှစ်နဲ့အသီးကွာသွားခြင်းမရှိပါ။
*ကြော်တော့မယ်ဆိုဆီအိုးပူအောင်တည်ဘူးသီးချောင်းများကိုတစ်ချောင်းစီမုန့်နှစ်ရည်လူးပြီးဆီပူထဲထည့်ကြော်ပါ။ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်ပါ။ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ကြော်ပေးပါ။

ဘူးသီးကြော်ရန်အဓိကအရေးကြီးတဲ့အချက်များ
1.ကြော်မယ့်ဘူးသီးကရေလုံးဝမပါစေရ။
2.မုန့်နှစ်ကိုနိုဆီလိုပျစ်နေအောင်ရေခဲရေနဲ့ဖျော်ရမည်။
3.မုန့်သားပိုမိုကြွပ်ရွစေရန်မုန့်နှစ်ထဲဆီတစ်ဇွန်းထည့်ဖျော်ပါ။
4.ခြောက်သွေ့နေတဲ့ဘူးသီးချောင်းများကိုကြော်ခါနီးအကြော်မှုန့်နဲ့လူးထားပါ။
5.ကြော်ခါနီးမှမုန့်နှစ်ထဲတစ်ချောင်းချင်းစီလူးကြော်ပါ။
အထက်ပါအချက်များကိုလိုက်နာရင်အချိန်ကြာကြာကြွပ်ပြီးစားကောင်းတဲ့ဘူးသီးကြော်ရပါပြီ။
အစာအာဟာရဖြင့်ကျန်းမာရွှင်လန်းကြပါစေ။ ။