ကိုယ့်လူမျိုးကိုယ် မသိတတ်တဲ့ အသုံးချခံ ဗမာငတုံးများ

အတည်ပြုဆဲသတင်းအရတော့ အမှတ် ၂ တံတား ၂၇၅ အဖွဲ့ကို မနေ့ကတိုက်တာ pdf တွေချည်းပဲ တိုက်ခိုင်းတယ်လို့သိရတယ်။ ဒီနေ့မနက်တင်လာတဲ့ RIP တွေက ဗမာငတုံးတွေကြီးပဲ။

အခုတော့ပုံပေါ်လာပြီ။ ဗမာ pdf တွေဟာ EAOs တေွရဲ့ နှစ်ပေါင်းများစွာကြာလာပြီး မအောင်မြင်ခဲ့တဲ့ လူမျိုးရေးလက်နက်ကိုင်ပုန်ကန်မှုအောက်မှာ အသုံးချခံ/အသေခံတွေဖြစ်သွားကြပါပြီ။ ဘာတော်လှန်ရေး ညာတော်လှန်ရေး မဟုတ်တော့ဘူး။

အကယ်၍ ဗမာ pdf တွေ အသေခံ/အနာခံပြီး ၂၇၅ ကို တိုက်တာ အောင်မြင်သွားခဲ့ရင်…. မြဝတီကို ကရင်အဖွဲ့တွေပဲ နယ်မြေတွေပိုင်းခြားပြီး ဝေစားမျှစားကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွှဲ။ ဗမာ pdf တွေ တိုက်လို့ မြဝတီရသွားခဲ့ရင် ဘယ်ကရင်သူပုန်အဖွဲ့ကမှ NUG အကြမ်းဖက်အဖွဲ့ကို ရော့အင့်လို့ ထိုးအပ်ပေးကြလိမ့်မှာမဟုတ်ပါ။ ဓါတ်ပုံလောက်တော့ အရိုက်ခံ၊ အရက်ပုလင်းပေး မဲဆောက်ပြန်ခိုင်းမှာပါ။

ဘာကြောင့်လဲဆိုတော့ လူမျိုးရေးတော်လှန်ရေးအကြောင်းပြ အုပ်စုဖွဲ့လက်နက်ကိုင်ပြီး တရားမဝင် စီးပွားရေးနဲ့ဆက်ကြေးငွေကောက်တဲ့ လုပ်ငန်းစီးပွားရေးမျိုးက ကမ္ဘာမှာအကောင်းဆုံးဆိုတာ ကရင်သူပုန်တွေ ကောင်းကောင်းကြီးနားလည်ကြတယ်လေ။

အဲ့ဒီတော့ EAOs တေွက NUG အတွက်တိုက်ပေးနေတာလုံးဝမဟုတ်ပဲ NUG ငတုံးအာဏာရူး၊ ပုဆိန်ရိုး၊ ပြည်ပအရိုးကိုက်အဖွဲ့ကသာ ဗမာ pdf တွေကို EAOs တေွရဲ့ စီးပွားရေးအလိုဆန္ဒအတွက် အသေခံခိုင်း/အသုံးချခံခိုင်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရပါပြီ။

ဒီလိုနဲ့ တစတစဗမာမိုက်ရူးရဲသွေးကြွ pdf ဆိုတာ ပျောက်ကွယ်ပြီး EAOs တေွရဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေ ဖြစ်လာတော့မှာဧကန်ပါ။ (လောလောဆယ် pdf တွေ အကြောင်းပြုပြီး ဘာရမလဲဆိုတာအတွက် pdf နံမည်ခံခိုင်းထားတယ်)

တကယ်တော့ဒီတော်လှန်ရေးဆိုတာကြီးကို ပြီးသွားပျက်သွားမှာစိုးရိမ်နေတာက မြန်မာပြည်တွင်းက အကြောင်းအမျိုးမျိုးပြ ခွက်ခေါက်အလှူငွေတွေနဲ့ နိုင်ငံခြားမှာတိုက်တာအိမ်တွေဝယ်၊ မိသားစုလိုက် အေးအေးဆေးဆေး သာသာယာယာနေကြတဲ့ NUG တို့၊ CRPH တို့ပဲ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ pdf တွေ ဘယ်လောက်သေသေ ဂရုမစိုက်တော့ပါဘူး။ အရေးကြီးတာက EAOs တေွက သူတို့ NUG ဆိုတာကို လက်ခံနေရေး (EAOs တွေက NUG ကို လက်မခံဘူးဆိုတဲ့တနေ့ သူတို့တိုင်ပတ်ပြီး သောင်ပြင်လွတ်တဲ့ ခွေးလိုဖြစ်ပါလိမ့်မယ်) ပဲဖြစ်ပါတယ်။

ထို့အတူပဲ NUG က EAOs တေွထံ pdf လေးတွေကို ထိုးကျွေးပြီး EAOs တေွကို NUG ရဲ့ လက်အောက်ခံတော်လှန်ရေးတပ်ပေါင်းစုလိုလို နိုင်ငံတကာမှာ အသံလွင့်အလှူခံဖို့ ပြန်လုပ်နေတာပါပဲ။

ကြားထဲက ဘူမသိ၊ ကိုးမသိ ပြောတိုင်းယုံပြီး လက်နက်ကိုင်ကြတဲ့ စစ်သွေးကြွမြန်မာလူငယ်အများစု ဘဝဟာ NUG နဲ့တော်လှန်ရေးအရင့်အထော် လူမျိုးစုသူပုန်အုပ်စုတွေအကြားမှာ အသေခံ/အသုံးချခံ ပျက်သုဉ်းကြွေလွင့်နေကြရအုံးမှာဆိုတာ မြေကြီးလက်ခတ်မလွဲ။။။

(ပြည်ထောင်စု)