YBS ကား အရှေ့ကို အမျိုးသားတစ်ဦး ပြေးဝင်ပြီး အဆုံးစီရင်ဖို့ကြိုးစား

မနေ့က မတ်လ ၁၉ ရက် ညနေပိုင်းကရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြိုနယ် ဟုမ်းလမ်းမှတ်တိုင်အနီးမှာ မနေ့က ည‌နေ ၅ နာရီခွဲခန့်က အမျိုးသားတစ်ဦး YBS ၂၃ ကားရှေ့ကို ပြေးဝင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

YBS ယာဉ်မောင်းဟာ ကားအရှေ့ကို ပြေးဝင်လာချိန်မှာ တိမ်းရှောင်လိုက်နိုင်ခဲ့တာကြောင့် အဲ့ဒီအမျိုးသားဟာ အသက်မသေဆုံးခဲ့ဘဲ ဦးခေါင်းထိခိုက်ဒဏ်ရာရသွားတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ခဲ့တယ်လို သိရပါတယ်။

အဲ့ဒီလို ကားတိုက်ခံကာ အဆုံးစီရင်ဖို ကြိုးပမ်းနေတဲ့ဖြစ်စဉ်ကို သတိထားမိသူတစ်ဦးက ရုပ်သံရိုက်ကူးခဲ့ပြီး အဲ့ဒီရုပ်သံမှတ်တမ်းဟာ လူမှုကွန်ရက်မှာ ပျံ့နှံနေပါတယ်။