ကော့ကရိတ်မြို့အား အလုံးစုံထိန်းချုပ်ထား

ဧပြီ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် သတင်းရရှိချက်အရ ကော့ကရိတ်မြို့သို့ရောက်လာတဲ့ စစ်ကြောင်းများသည် ဧပြီ ၂၀ ရက်နေ့ညနေအထိ အကြမ်းဖက်များခိုအောင်းနေသော ကော့ကရိတ်မြို့ တောင်ခြမ်းနှင့် မြောက်ခြမ်း၊ ရပ်ကွက် ၇၊ တံတားဦး၊ ရပ်ကွက် ၄၊ သတိပဌာန်ကျောင်းသစ်၊ အထက်ရွာ ဝါးတော၊ ကြာအင်းကုန်းကွက်သစ်၊ ရပ်ကွက် ၂၊ ဝင်းကြီး၊ မြို့တော်ဦး၊ ရပ်ကွက် ၁၊ ချောင်းတောင်ဘက်တို့အား အသေးစိတ်နယ်မြေရှင်းလင်းခဲ့ရာ လပေါင်းများစွာအခြေပြုလှုပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူအဖွဲ့စုံများသည် အကျအဆုံးများစွာဖြင့် ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းတွင် အားလုံးဆုတ်ခွာသွားကြောင်း သိရသည်။

ဧပြီ ၂၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ တိုက်ပွဲတွင် PDF များ အသေအပျောက်များခြင်းကြောင့် လူအင်အား ထပ်မံဖြည့်ရန်အတွက် ရွှေမြစန္ဒီတို့ချဲ့ကွက်သစ်၊ ယခင် ရာအိမ်မှူး ဇော်မင်းဦးကို လူသစ်စုရန် ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ စက်ရုံများသို့ စေလွှတ်လိုက်ကြောင်း၊ ACC ရဲမင်းနှင့် ချိတ်ဆက်၍ တစ်ရက်လျှင် ဘတ် ၁၀၀၀ ပေးမည်ဟု စည်းရုံးလူသစ်စုဆောင်းနေကြောင်း သိရှိရပါသည်။

#တိုက်ပွဲသတင်းစုံ