ရွာကို မီးရှို့ပြီးတပ်ကို မျှားခေါ်တဲ့ KNU/PDF

ဇန်နဝါရီလ ၂၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က ကော့ကရိတ်မြို့ မီးလောင်မှုဖြစ်ပွားနေကြောင်း၊ မီးရှို့ခံရမှု ဖြစ်နိုင်ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ မီးငြိမ်းသတ်နိုင်ရေး၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ် အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
တိုက်ပွဲ၌ အကြမ်းဖက် KNU အလောင်း ၁ လောင်း၊ RPG ၁ လက်၊ စက်လက် ၁ လက်၊ M-4 ၂ လက် နှင့် ကျည် ၁၁၄ တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
ဆက်စပ်ပစ္စည်းများနှင့် KNU အလောင်းများ ရရှိမှုနှင့်ပတ်သက်၍ ဒေသခံများ၏ ပြောကြားချက်များအရ ကော့ကရိတ်မြို့ အား မီးရှို့ဖျက်စီးသူများ ဖြစ်နိုင်ကြောင်းနှင့် မီးငြိမ်းသတ်သူများအား ပစ်ခတ်တိုက်ခိုက်ရန် လာကြသူများဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။