မန်ယူအသင်းရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခံရတဲ့ အိုမာဘာရာဒါ

City Football Group ရဲ့ ဘောလုံးလုပ်ငန်းများအရာရှိချုပ်အဖြစ်မှ နုတ်ထွက်ခဲ့တဲ့ အိုမာဘာရာဒါကို မန်ယူအသင်းက အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဘာရာဒါဟာ တစ်ချိန်တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ မန်ယူအသင်းကို ကောင်းကောင်း ဝေဖန်ထိုးနှက်ခဲ့ဖူးကြောင်း သိရှိရပါတယ်။ သူဟာ မန်စီးတီးရဲ့ Chief Operation Officer အဖြစ်ကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့သူဖြစ်ကြောင်း သိရပါတယ်။

မန်ယူပရိသတ်တွေကတော့ ဘာရာဒါရဲ့ အတိတ်တုန်းက ထူးချွန်မှုတွေကြောင့် အသင်းမှာ အပြောင်းအလဲတစ်ခုခုဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

နိုဝင်ဘာလမှာ မန်ယူရဲ့အမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုး ထွက်ခွာသွားခဲ့ပြီးနောက် မန်ယူက အရာရှိချုပ်သစ်တစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ဘောလုံးလုပ်ငန်းနဲ့ပတ်သက်လို့ ဘာရာဒါရဲ့ ကျွမ်းကျင်နှံ့စပ်မှုကို ကြီးမားတဲ့အရည်အချင်းအဖြစ် ရူမြင်ကြတာဖြစ်ပါတယ်။