ဇန်နဝါရီလ ၂၁ ရက်နေ့တိုက်ပွဲသတင်းများ

-ရှမ်းပြည်နယ် မိုးမိတ်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ KIA+PDF ပူးပေါင်း ၈၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ နေရာ ၄ နေရာမှ KIA သောင်းကျန်းသူ ၁၂၀ ဦးခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်အနီး လုံခြုံရေးဆောင်ရွက်စဉ် အရပ်ဝတ် ဝတ်ဆင်ထားသော မသင်္ကာဖွယ် အမျိုးသား ၂ ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးစဉ်- KIA သောင်းကျန်းသူ ၂ ဦး(အရှင်) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ ဦးအားဝါ၏ နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ရာ နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် ၁ လောင်း၊ KIA သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ ကျား ၂ ဦး၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

-ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် အမှတ်(၇) ရပ်ကွက်သို့အရောက် KKO( ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့ ၁၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဖြစ်စဉ်တွင် အကြမ်းဖက်အလောင်း ၃ လောင်း၊ လက်နက် ၄ လက်၊ကျည် ၂၅၉ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျည်ခါးပတ်တွဲ ၁ ခု သိမ်းဆည်းရမိခဲ့။

-ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သောင်းကျန်းသူ ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူလက်နက် ၃ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၅၀ တောင့်၊ အမ်အေ(၁၀)ဗုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့။

-ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘုရားကုန်း၊ နဒင်ကုန်းနှင့် တောင်ကြားကုန်း များသို့ AA သောင်းကျန်းသူများမှ လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။