ကမ္ဘာတစ်ဝန်း လေးစားအားကျစရာအမျိုးသမီးအယောက် ၁၀၀ စာရင်း၌ ခိုင်နှင်းဝေပါဝင်လာ

ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေသည် ဘီဘီစီက ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်းရှိနယ်ပယ်အသီးသီးမှ လေးစားအားကျစရာအမျိုးသမီးအယောက် ၁၀၀ စာရင်း၌ပါဝင်လာကြောင်းသိရသည်။

နှစ်စဉ်ထုတ်ပြန်နေကျဖြစ်သော အဆိုပါစာရင်းတွင် အမျိုးသမီးရေးရာများသာမက ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ဆောင်ချက်များအပြင် နယ်ပယ်အသီးသီးမှလေးစားအားကျဖွယ်အမျိုးသမီးများအား ရွေးချယ်ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်သည့်စာရင်း၌ ယခု ၂၀၂၃ ခုနှစ်အတွက်စာရင်းတွင် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေလည်းပါဝင်လာခဲ့ခြင်းဖြစ်သည်။