တောင်ကြီးမြို့၊ကံကြီးရပ်ကွက်တွင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

လွိုင်လင်မြို့တွင်နိုဝင်ဘာလ ၁၂ ရက်နေ့၌ဖမ်းဆီးရမိခဲ့သည့် WY ဆေးပြား (၄၅)သိန်း‌ကျော်ကာလတန်ဖိုး(၁.၃၅)ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးများနှင့်ပတ်သတ်သည့် ကွင်းဆက်တရားခံဖြစ်သည့် စိုအိမ်အမှတ် (၁/၇၀၈)၊ ကံကြီးရပ်ကွက်၊ တောင်ကြီးမြို့၏ နေအိမ်အား နိုဝင်ဘာလ ၂၀ ရက်‌နေ့တွင်လုံခြုံရေး ပူးပေါင်းအဖွဲ့မှဝင်ရောက်ရှာဖွေရာ တရားခံအား တွေ့ရှိခြင်းမရှိဘဲ အိမ်အကူများဖြစ်သည့် ဒေါ်စန္ဒီနေဝင်း (ဘ)ဦးနေဝင်း ဗမာ/ဗုဒ္ဓနှင့် ဒေါ်တင်တင်နု (ဘ)ဦးအောင်မြင့်၊ ဗမာ/ဗုဒ္ဓတို့အားတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရနေအိမ် အပေါ်ထပ် အိပ်ခန်းရှိ ဘီဒိုအတွင်းမှ CZ-75 အမျိုးအစား ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ SIG SAUER အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ 9 မမ LUGER ကျည်(၅၀)တောင့်၊ နေအိမ်အပေါ်ထပ် အိပ်ခန်းရှိ မှန်တင်ခုံ အောက်ထပ်အတွင်းမှ တရုတ်နိုင်ငံလုပ် MG-1 အမျိုးအစား အစိမ်းရောင် လက်ပစ်ဗုံး(၁)လုံးနှင့် ၎င်းဖျူး(၁)ခု၊ တရုတ်နိုင်ငံလုပ် 91 အမျိုးအစား အစိမ်းရောင်လက်ပစ်ဗုံး(၁)လုံးရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။