မတ္တရာမြို့နယ်တွင် တပ်မတော်သားတပ်ဖွဲဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၈ ဦး သေတယ်ဆိုတဲ့ သတင်းအတု

မတ်လ ၁၃ ရက်နေ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာနှင့် မြွေကြည်ကုန်း ကျေးရွာကြားရှိ တံတားပေါ်တွင် တပ်မတော်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးခဲ့ပြီး တပ်ကလည်း ပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၃ ရက်နေ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာနှင့် မြွေကြည်ကုန်း ကျေးရွာကြားတွင် တပ်မတော်တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit Media မှ တပ်မတော်မှ ပြည်သူ ၈ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး အပုတ်ချရေးသားကာ ပြည်သူတွေမုန်းတီးစေရန် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
Fake-News
FACT-CHECK
https://t.me/factcheckmm