မေလ ၂၁ ရက်နေ့မှုခင်းသတင်းများ

-မေလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ပုလောမြို့နယ်၊ လက္ကူးကျေးရွာသို့ အကြမ်းဖက်သမား PDF ၂၀ ဦးခန့်ရောက်ရှိလာပြီးလက္ကူကျေးရွာတွင်နေထိုင်သော ခင်ဇော်ဦး(ခ) ဘုရင်ကြီး သစ်လုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်မှ ပရိဘောဂများကိုဖျက်စီးသွားခဲ့ကြောင်း သိရှိရ-

-မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ ချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံမှ အလုပ်ရုံစုမှူး ဒေါ်တိုးတိုးမေ နှင့် မရွှန်းအိကျော်တို့သည် ဈေးဝယ်ရန် ပခုက္ကူမြို့သို့ မှန်လုံယာဉ်ဖြင့်လာရောက်စဉ် မြစ်ချေမြို့ စိန်သုံးလုံး ဆန်/ဆီရောင်းဝယ်ရေးဆိုင်အနီးတွင် အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ဒေါ်တိုးတိုးမေ အပါအဝင် ၃ ဦးအား မြစ်ချေ-ကမ္မ သွားကားလမ်းအတိုင်း မြောက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရ-

-မေလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်ချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိရွှေဝါးအိုး WIFI ရုံးအား အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်သွားခဲ့သဖြင့် ခြံဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး လိုင်းခန်းအမိုးနှင့် ယာဉ်အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရှိရ

– မေလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ပခုက္ကူမြို့မှ ကမ္မမြို့သို့ပြေးဆွဲလျက်ရှိသော ရွှေပြည်မင်း ခရီးသည်တင် ယာဉ်အား အကြမ်းဖက် PDF များမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုူကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်မေနဒီဖြိုး(ခ) ဒေါ်တင်မာဆွေ(၅၁) နှစ် ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တွင် ယာဘက်ဘေးမှန် ၁၀ ချပ် ကွဲခဲ့ကြောင်းနှင့် ဒဏ်ရာရ ဒေါ်မေနဒီဖြိုးမှာ ရန်ကုန်ဘက်သိုြ့ ဆက်လက်လိုက်ပါသွားကြောင်း သိ၇ှိရပါတယ်။