KNU/KNLA( PC) ဌာနချုပ်အား လိုအပ်သည်များထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၀န်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်တိုလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ် ထိုကော်ကိုး ကျေးရွာရှိ KNU/KNLA (PC) ဌာနချုပ်သိုရောက်ရှိပြီး ၀င်းသူဇာ အရောင်းခန်းမတွင် KNU/KNLA(PC) ဌာနချုပ်အတွက် ဆန်အိတ် ၁၀၀၊ ဓါတ်မြေသြဇာအိတ် ၃၀၀နှင့် ထိုကော်ကိုး ဒေသတွင်ဖွင့်လှစ်ထားသည့်ကိုယ်ထူကိုယ်ထစာသင်ကျောင်း ၃၆ ကျောင်းအတွက် စာအုပ်၊ဘောပင် နှင့်ခဲတံ များထောက်ပံ့ပေးအပ်ရာ KNU/KNLA(PC) ဥက္ကဌ ဦးစောထော့လေးမှလက်ခံရယူခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ KNU/ KNLA (PC) ဥက္ကဌ ဦးစောထော့လေးနှင့် အဖွဲ၀င်အင်အား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး၀န်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ်ဆေးရုံသိုရောက်ရှိပြီး ဆေးကုသမူအခြေအနေအားကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။